မထင်မှတ်ထားတဲ့ အမှားတစ်ခုကနေ အမေရိကန်ဒေါ်လာ ဘီလီယံ၂၀၀ အထိ ငွေကြေးဆုံးရှုံးခဲ့ကြရတဲ့ ဖြစ်ရပ်များ

//s9.kh1.co/89/893175a3d0a195d6b061c7ea7a45000cafbfee41.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အမှားဆိုတာ လူသားတွေရဲ့ ဘ၀မှာ တစ်စိတ်တစ်ပိုင်းတစ်ခုပါပဲ။ လူတိုင်းဟာ မိမိတို့ရဲ့ဘ၀မှာ အမှားဆိုတာရှိခဲ့ဖူးကြမှာပါ။ သင်ကိုယ်တိုင်ကလည်း အမှားတွေကနေ သင်ခန်းစာယူပြီး ဘ၀ကိုရှေ့ဆက်သင့်ပါတယ်။ ဒါပေမယ့် ပိုက်ဆံနဲ့ပတ်သက်ပြီး အမှားပြုလုပ်မိရင်တော့ ပြန်လည်တည့်မတ်ဖို့ မလွယ်လှပါဘူး။ ခုအောက်မှာကတော့ ‌ဒေါ်လာသန်းချီဆုံးရှုံးခဲ့ရတဲ့ လူတွေရဲ့အမှားပဲဖြစ်ပါတယ်။

Excite.com

https://s9.kh1.co/__image/w=500,h=282,q=100/60/60fefb1262e509f05e6013e22827a75e4ce2f8aa.jpg

၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ Yahoo ဟာ ကမ္ဘာပေါ်မှာ လာရောက်ကြည့်ရှု့သူအများဆုံး Website တစ်ခုဖြစ်သလို Search Engine တစ်ခုလည်းဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ Excite.com ဟာ ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Excite.com ကို Google က အမေရိကန်ဒေါ်လာ ၁သန်းနဲ့၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် Excite.com ရဲ့ CEO ကငြင်းဆိုခဲ့ရာ သူ့ဘ၀ရဲ့ အကြီးဆုံးအမှားတစ်ခုဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ချိန် Google ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂၈၀ ဘီလီယံ တန်ဖိုးရှိပြီး ကမ္ဘာပေါ်မှာ လူအများဆုံး၀င်ရောက်ကြည်ရှု့တဲ့ website လဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/45/45a715bfb1f7bbdc44fb637ee502cd4b2d11a8ce.jpg

James Howell

https://s9.kh1.co/__image/w=650,h=488,q=100/94/94015d7363aab16864c8b2d0f369104fda04468a.jpg

၂၀၀၉ ခုနှစ်တုန်းက James Howell ဆိုတဲ့လူဟာ 7500 Bitcoin ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကွန်ပျူတာ Hard Disk အတွက် Bitcoin အကုန် အသုံးပြုခဲ့မိပါတယ်။ ၂၀၁၃ ကစပြီး Bitcoin ဟာနာမည်ကြီးလာသလို လူတွေဟာလည်း ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူရဲ့ 7500 Bitcoin တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃.၅သန်း တန်ဖိုးရှိခဲ့ပြီး ၂၀၂၀ မှာတော့ သန်း ၇၀နီးပါး တန်ဖိုးရှိလာခဲ့ပါတယ်။ ဒါဟာ သူဘ၀ရဲ့အမှားကို သူကိုယ်တိုင်ပြုလုပ်ခဲ့မိပြီး သူရဲ့အိမ်ခန်းထောင့်တွေမှာ နေ့စဉ်ငို‌ေနနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ပိုင်ဆိုင်တဲ့ Bitcoin တွေကို မလွင့်ပစ်မိပါစေနဲ့။

https://s9.kh1.co/__image/w=650,h=488,q=100/3a/3a1410dcb4a2fe2e711a9e51d51c88c31f5cc002.jpg

Russia

https://s9.kh1.co/__image/w=650,h=434,q=100/56/561082054a23c580b2f031282148f1c45fa9c630.png

၁၈၆၇ခုနှစ်မှာ ရုရှားဟာ သူတို့ရဲ့နယ်မြေက အရမ်းကျယ်ပြီးကြီးနေတာကြောင့် အုပ်ချုပ်နိုင်ဖို့ ခတ်ခဲတယ်လို့ ထင်ခဲ့မိပါတယ်။ ဒါကြောင့်ပဲ ရုရှားသမ္မတဟာ 1.72 Million Square Kilometres ကျယ်တဲ့ နယ်မြေကို အ‌မေရိကန်ဒေါ်လာ ၇.၂သန်းနဲ့ USA ကိုရောင်းခဲ့ပါတယ်။ ဒါဟာ Russia အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်သလို အမှားတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ချိန်မှာ သူရောင်းလိုက်တဲ့နယ်မြေကို Alaska လိုလူသိများကြပြီး အဲ့နယ်‌ေြမမှာ Gold Mine တွေ၊ သဘာ၀ဓာတ်ငွေ့‌ေတွနဲ့ ရေနံဆီတွေ ပေါများပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ၀န်းကျင်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=402,q=100/b0/b09149776c8a49aa04145ba5e7459be8b423c2e7.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T