လူအရေခြုံထားတဲ့ ချင်ပန်ဇီနှင့် ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း လူသားများ

//s9.kh1.co/71/71e54ce9dd4991b1d037ef7acfdfa591976491a7.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာရှိကြတဲ့ လူ‌တချို့ဟာ သူများတွေနဲ့မတူ ကွဲပြားလေ့ရှိပါတယ်။ အဲ့လိုသူတွေထဲက တချို့‌‌ေသာသူတွေဟာ သူတို့ရဲ့ ခွန်းအား၊ သူတို့ရဲ့ အားနည်းချက် ဒါမှမဟုတ် သူတို့ဘ၀အပေါ် ရွှေးချယ်မှုတွေကြောင့် လူသိများကြလေ့ရှိပါတယ်။ ဘယ်လိုသူတွေကများ သာမန်လူတွေနဲ့မတူ ထူးခြားနေကြတာလဲဆိုတာကို ဖက်ကြည့်လိုက်ရအောင်။

Yu Zhenhuan

https://s9.kh1.co/__image/w=303,h=450,q=100/90/90d991ee60929dda6c026f7d219d47a3f528de08.jpg

အမွှေးထူလို့ဆိုပြီး လူအရေခြုံထားတဲ့ ချင်ပန်ဇီလို့မထင်လိုက်ပါနဲ့။ Yu Zhenhuan ဟာ တရုတ်နိုင်ငံကဖြစ်ပြီး ကမ္ဘာပေါ်မှာ အမွှေးအထူဆုံး လူသားတစ်ယောက်လည်းဖြစ်ပါတယ်။ ရှားပါးဖြစ်စဉ်ကြောင့် သူခန္ဓာကိုယ်ရဲ့ ၉၆ရာခိုင်နှုန်းဟာ အမွှေးတွေနဲ့ ဖုံးအုပ်ထားတာပါ။ သူရဲ့ပုံပန်သွင်ပြင်ကြောင့် လူမှုဆက်ဆံရေးမှာ အခက်အခဲရှိခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ သူရဲ့အမွှေးတွေကို ရိတ်ပြီး ကလေးဘ၀တုန်းက အိမ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ဖို့ကို ကြိုးစားနေပါတယ်။

https://s9.kh1.co/__image/w=219,h=375,q=100/65/6594dfc80d83380d5ea14b61b775c3cb46e92d8d.jpg

Tom Staniford

https://s9.kh1.co/__image/w=650,h=879,q=100/2d/2d0bbf7c539b07d68af2dd48274077a18c7122cc.jpg

Tom မှာ MDP Syndrome လို့ခေါ်တဲ့ အလွန်ရှားပါးသော အခြေအနေတစ်ခု ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းကြည့်မယ်ဆိုရင် ဒီလိုကိစ္စဟာ ၈ ခုပဲရှိပါတယ်။ ထိုရောဂါအခြေအနေကြောင့် သူ့မှာ အဆီလုံး၀မရှိပါဘူး။ သူဟာ မသန်းမစွမ်း စက်ဘီးစီးသမား တစ်ယောက်ဖြစ်ပြီး ၂၀၁၁ခုနှစ်တုန်းက အပြည်အပြည်ဆိုင်ရာ မသန်းမစွမ်း စက်ဘီးပြိုင်ပွဲတုန်းက Champion ဖြစ်ခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/b3/b3c5f00876090d689ec7604d1300ee5ec74cf60d.jpg

Carlos “Halfy” Rodriguez

https://s9.kh1.co/__image/w=650,h=366,q=100/2a/2a27474bb204c6a017fae2e534efc357108b7308.jpg

မတော်တဆမှုတစ်ခုကြောင့် Carlos ရဲ့ပုံပန်းသွင်ပြင်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဖြစ်ပုံမှာ ကားတိုက်မှုတစ်ခုကနေ သူဟာရှေ့မှန်ကို ဖြတ်သွားပြီး မြေကြီးပေါ် ခေါင်းနဲ့ကျခဲ့တာကြောင့် ခုလိုဖြစ်သွားခဲ့ရတာပါ။ ဆရာ၀န်အနေနဲ့ သူအသက်ရှင်ဖို့အတွက် ဦးနှောက်ကိုအချိန်ကြာကြာခွဲစိတ်ခဲ့ရပြီး ကယ်တင်ခဲ့တာကြောင့် ခုချိန်ထိ အသက်ရှည်နေခဲ့ပါတယ်။ လူတွေရဲ့ စွမ်းဆောင်နိုင်ဟာလည်း တကယ့်ကိုအံ့ဩစရာပါပဲ။

https://s9.kh1.co/__image/w=650,h=436,q=100/4b/4b74a3954e75bcb8face1a35cead9c5c3d11c33f.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T