အနိုင့်ကျင့်တိုက်ခိုက်ခံရမှုကြောင့် အလှပျက်ခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးပဲ ကြံ့ကြံ့ခံထားတဲ့ အမျိုးသမီး

//s9.kh1.co/1c/1c22630118058c7b7f0c0e95d775a32f3ca340d4.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Carmen Tarleton လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၄ နှစ် ၂၀၀၇ ခုနှစ်လောက်က ex အမျိုးသား​​ဖြစ်သူရဲ့ ရက်ရက်စက်စက် အနိုင်ကျင့် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

Ex အမျိုးသားဖြစ်သူ Herb Rodgers ဟာ Carmen ကို baseball ဒုတ်နဲ့လည်း ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့သလို Lye လို့ခေါ်တဲ့ အရည်တစ်မျိုးနဲ့ပါတိုက်ခိုက်ခဲ့တာကြောင့် မျက်နှာအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများ ပျက်ဆီးသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=468,h=318,q=100/2f/2fbf44dc06301990a235576612d4ec83cb4482f3.jpg
https://s9.kh1.co/__image/w=468,h=441,q=100/7b/7b44ee58cab9f8de8c0819767511e077e6ba2353.jpg

ဒီတိုက်ခိုက်ခံရမှုကြောင့်ပဲ Carmen ရဲ့ မျက်လုံးတစ်လုံးက ကွယ်သွားခဲ့ပြီး သူမရဲ့ ပုံပန်းသွင်ပြင်ဟာ တော်တော်လေး အကျည်းတန်သွားခဲ့ရပါတယ်။ သူမရဲ့ပုံစံက ဘယ်လောက်ထိဆိုးရွားသွားခဲ့ရသလဲဆိုရင်တော့ အခုမြင်တွေ့နေရတဲ့ ပုံတွေထဲကအတိုင်းပါပဲ။ ဒါပေမယ့်လည်း Carmen ဟာ သူမရဲ့ဘဝကိုအရှုံးမပေးခဲ့ပါဘူး။မျက်ကန်းရုပ်ဆိုးဘဝကြီးနဲ့ ကြံကြံခံနေထိုင်လာခဲ့ပြီး သူမရဲ့ဘဝကိုပြောင်းလဲဖို့အတွက် အမြဲကြိုးစားနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=468,h=313,q=100/2f/2f55a52ea59185c942afb0102f578d66210b7d6c.jpg
https://s9.kh1.co/__image/w=480,h=270,q=100/b4/b415bad0cb2bde30dfdd2291441c95e3ebbf802d.png

Carmen ဟာ သူမရဲ့မျက်နှာနဲ့ အရေပြားကို ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ခွဲစိတ်မှုတွေ ခဏခဏလုပ်ကာ ပြုပြင်ခဲ့သလို အကြိမ် ၇၀ ကျော်လောက်ထိ ပြုပြင်ခဲ့ပါတယ် ။

တိုက်ခိုက်ခံရတာ ဆယ်နှစ်ကျော်လာတဲ့အချိန်မှာတော့ Carmen ဟာ ခွဲစိတ်မှုတွေကြောင့် မျက်နှာအသစ်တစ်ခုကို ရရှိလာခဲ့ပေမယ့် သူမရဲ့ကန်းသွားတဲ့ မျက်လုံးတစ်လုံးကတော့ ပြန်မကောင်းနိုင်တော့ပါဘူး။

အမေမွေးတုန်းက အကောင်းတိုင်းလေးဆိုပေမယ့် ex အမျိုးသားဖြစ်သူရဲ့ အနိုင်ကျင့် နှိပ်စက်မှုကြောင့် အခုလို​​ဖြစ်သွားတဲ့ Carmen ရဲ့ဘဝလေးကတော့ တကယ့်ကိုကြေကွဲစရာပဲ။

ဘာ့ကြောင့်ပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ကို ဒီလောက်ထိဖြစ်သွားအောင် အနိုင်ကျင့်နှိပ်စက်တာကြီးကတော့ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=875,q=100/af/af3273118a257a5f9e9f98986c97e0e8afa781dc.jpg
https://s9.kh1.co/__image/w=480,h=561,q=100/8e/8e6100ce233b9d8443e6588e21d52d8fb27bb6ad.jpg
https://s9.kh1.co/__image/w=650,h=366,q=100/17/17f7149f635107a6d700d82539e98e03fe356153.jpg

သတင်း အရင်းအမြစ်Daily Star

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T