လူသားတွေ ဖျော်တာထက်တောင် ပိုအရသာရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီဖျော်စက်နှင့် အခြားမီးဖိုးချောင်သုံး ပစ္စည်းများ

//s9.kh1.co/69/6938dbe54c7cf9d1d4f7db8a2842fc23613443d2.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မီးဖိုးချောင်ဆိုတာ အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ မီးဖိုးချောင်မှာ ဟင်းချက်တာတစ်ခုထဲမဟုတ်ပဲ တခါတလေ မိသားစုတွေထိုင်ပြီးစကားပြောကြသလို အတူတူစားကြလေ့ သောက်ကြလေ့ရှိပါတယ်။ ဒါကြောင့်ပဲမီးဖိုးချောင်ဆိုတာ တော်တော်များများ‌ အသုံး၀င်တာကြောင့် တချို့သောလူတွေဟာ သူတို့ရဲ့မီးဖိုးချောင်သုံး ပစ္စည်းတွေကို ကြည့်ကောင်းပြီး စွဲဆောင်မှုရှိအောင် လုပ်ထားလေ့ရှိပါတယ်။ အလှဆင်ထားသလောက် ပစ္စည်းတွေရဲ့ ဈေးဟာလည်း မျက်လုံးပြူးနိုင်တာမို့ ဘယ်လိုပစ္စည်းတွေလည်းဆိုတာ အောက်မှာဆက်လက်ဖက်ရှုလိုက်ပါ။

Meneghini Arredamenti Refrigerator

https://s9.kh1.co/__image/w=650,h=563,q=100/55/55146ba2dd1cc0ccae2ac24961b0bc1cd368605e.jpg

သင်သာငွေကြေးတက်နိုင်ရင် ခုဖော်ပြမယ့်ရေခဲသေတ္တာကို ကြိုက်နှစ်သက်မှာပါ။ ရေခဲသေတ္တာဟာ ကြီးမားသလို ၀ယ်သူတိုင်းအတွက်လည်း စိတ်ချရပါတယ်။ ပုံစံအနေနဲ့ ကြည့်ကောင်းတဲ့အပြင် ‌ပုံမှန်ရေခဲသေတ္တာတစ်လုံးလုပ်ဆောင်နိုင်တာတွေထက် ပိုမိုလုပ်‌ေဆာင်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၄၁၀၀၀ တန်ဖိုးရှိပါတယ်။

https://s9.kh1.co/__image/w=495,h=318,q=100/52/52a6332107326beaf18445fcef9c6d91f523305d.jpg

Hammacher Juicer

https://s9.kh1.co/__image/w=650,h=650,q=100/d9/d935e064dd7b7808dc696d35039c2e1811a6e719.jpg

သင့်အနေနဲ့ ဝိတ်ချဖို့အတွက်ဆို သဘာ၀သစ်သီး ဖျော်ရည်သောက်တာဟာ အရမ်းကောင်းပါတယ်။ အဲ့အတွက် စက်များစွာရှိပေမယ့်လည်း ဒီစက်ကတော့ ပေးရတဲ့ဈေးနှုန်းနဲ့တန်ပြီး တခြားစက်တွေထက်ပိုလုပ်ဆောင်နိုင်ပါတယ်။ လိမ္မော်သီးအလုံး၃၀ကို မိနစ်အနည်းငယ်အတွင်း ဖျော်ရည်ဖြစ်အောင်လုပ်ပေးနိုင်တာမို့ သင့်ကိုအချိန်အနည်းငယ်လေးနဲ့ ၉၀ရာခိုင်နှုန်း သဘာ၀တရားအတိုင်း ရရှိတဲ့ ဖျော်ရည်ကို သောက်သုံးနိုင်ပါလိမ့်မယ်။ လိ‌မ္မော်သီး ပန်သီးတို့လို တခြားသစ်သီးတွေကိုလည်း သောက်သုံးနိုင်တာမို့ အဆင်ပြေပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၉၀၀တန်ဖိုးရှိပါတယ်။

Venus Century Espresso Machine

https://s9.kh1.co/__image/w=640,h=382,q=100/39/3973c8916def5f2a0998d94292a332a954e3a9f6.jpg

Venus Century Espresso စက်ဟာဆိုရင် အင်မတန်မှ ရိုးရှင်လှပါတယ်။ Victoria Arduino ရဲ့နှစ်တစ်ရာအထိမ်းအမှတ်အဖြစ် ဒီစက်ကို ပြုလုပ်ခဲ့တာဖြစ်ပြီး အစိတ်အပိုင်း အခု ၁၀၀ နဲ့သာ ဖန်တီးထားတာဖြစ်တယ်လို့ ပြောကြပါတယ်။ ဈေးနှုန်းမြင့်မားရတဲ့အကြောင်းကလည်း ထိုအချက်ကြောင့်ပဲဖြစ်ပါတယ်။ စက်ဟာရိုးရှင်းပြီး ကောင်းမွန်တာကြောင့် အသွင်အပြင်ဟာလည်း ကြည့်လို့လှပါတယ်။ အဲ့ဒီကော်ဖီစက်က ဖျော်ပြီး ရရှိလာတဲ့ Espresso ဟာ သင်သောက်ဖူးသမျှ Espresso တွေထဲမှာ အကောင်းဆုံးဆိုတာ သင့်အနေနဲ့ လက်ခံရပါလိမ့်မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀၀ တန်ကြေးရှိပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T