အလေးချိန် ၄၂ ပေါင်ရှိတဲ့ ရင်သားပိုင်ရှင်နှင့် ခန္ဓာကိုယ်ရဲ့ ၉၅% တက်တူးထိုးထားတဲ့ အမျိုးသမီး အကြောင်း

//s9.kh1.co/49/49d27a705e94ebf85d7b8d855b0c1eb5baac0b39.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

လူတွေဟာ အပြင်ထွက်တဲ့အခါတိုင်း လူတွေကြားမှာ ဆွဲဆောင်မှုရှိရှိနဲ့ အကြည့်ခံချင်ကြပါတယ်။ လူတစ်ချို့ကတော့ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလို့မရအောင်ကို ထူးထူးခြားခြား တွေလုပ်ဆောင်တတ်ကြပါတယ်။ ခုဖော်ပြပေးမယ့် အမျိုးသမီးနှစ်ယောက်ကတော့ သူတို့ရဲ့ ထူးဆန်းတဲ့ အသွင်အပြင်ပုံစံကြောင့် သင့်ကို မယုံကြည်နိုင်စရာဖြစ်‌နေပါလိမ့်မယ်။

Big Beshine

https://s9.kh1.co/__image/w=650,h=434,q=100/63/6358c7b28967d9d0ea304a7d9b13c1a92814d5ad.jpg

Big Beshine ဆိုတဲ့အမျိုးသမီးကတော့ အသက် ၂၇နှစ်ရှိတဲ့ ဥရောပကအမျိုးသမီးတစ်ယောက်ဖြစ်ပြီး လူတွေသူမကုိ သိရှိကြပုံကတော့ သင့်အနေနဲ့လည်း သိမယ်လို့ ထင်မိပါတယ်။ နာမည်အရင်းကတော့ Mayra Hills ြဖစ်ပြီး German Model တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ရင်သား တစ်ခုစီရဲ့ အလေးချိန်ဟာ ၄၂ပေါင်ရှိပါတယ်။ ဒီရင်သာပမာဏကြောင့် ကျွန်တော်တိုအနေနဲ့ သူမရဲ့ဘ၀ဟာ တော်တော်ရင်လေးစရာကောင်းတယ်ဆိုတာကို တွေးမြင်နိုင်ပါတယ်။ ပြီးတော့သင့်အနေနဲ့လည်း ဒီပုံကို Photoshop လုပ်ထားတယ်မထင်ပါနဲ့...ဒီပုံဟာတကယ်အစစ်အမှန်ပါ။ ကမ္ဘာပေါ်မှာ ရင်သားအကြီးဆုံး မိန်းမတစ်ယောက်အဖြစ်လည်း လူသိမှုများပါတယ်။

https://s9.kh1.co/__image/w=600,h=335,q=100/9e/9e6185a1f5d57f14fbe32c433d9f58fe3edfdd02.jpg

Julia Gnuse

https://s9.kh1.co/__image/w=520,h=345,q=100/11/11f4262b06150254373b3ba27816739195341d61.jpg

ကမ္ဘာပေါ်မှာ တက်တူးအများဆံုးရှိတဲ့အမျိုးသမီး စံချိန်ကို ပိုင်ဆိုင်ထားသူကတော့ အသက်၆၁နှစ်ရှိပြီးဖြစ်တဲ့ Julia Gnuse ပဲဖြစ်ပါတယ်။ ၁၉၅၆ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမဟာ အစပိုင်းမှာတော့ သာမန်လူတစ်ယောက်လိုပဲ ဘ၀ကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမမှာ Porphyria ရောဂါရှိနေတာကို သိခဲ့ရပါတယ်။ အဲ့အချိန်မှာ သူမအသက်ဟာ ၃၀ရှိနေပြီဖြစ်ပြီး သူမရဲ့ဘ၀တစ်ခုလုံးဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ Porphyria ရောဂါဟာ နေရောင်နဲ့ထိရင် အသားအရေပေါ်မှာ အနာတွေဖြစ်လာတာပါပဲ။ ထိုရောဂါကြောင့် သမိုင်းထဲက တော်၀င်မ‌ျိုးနွယ်တွေလည်း အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။ သူမသိသိချင်းမှာ ဆရာ၀န်‌များစွာကိုပြသခဲ့ပြီး နောက်ဆုံးမှာ မျက်လုံးကိုပဲ ကာကွယ်ပေးနိုင်မယ့်ဆေးကို တွေ့ရှိခဲ့ပါတယ်။ သူမအနေနဲ့ ရွှေးချယ်စရာနှစ်ခုရှိပါတယ်...အဲ့ဒီဆေးနဲ့ပဲသူ့မျက်လုံးအတွက်ကုသမလား တခြားတစ်ခုခုပဲ ပြုလုပ်လိုက်ရမလားဆိုတာပါပဲ။ သူမသူငယ်ချင်းတွေနဲ့တိုက်ပင်ရာ ပလပ်စတစ်ဆာဂျင် သူငယ်ချင်းတစ်ယောက်ဟာ သူမကိုတက်တူးထိုးပြီး အသားကိုကာကွယ်ဖို့ အကြံပေးခဲ့ပါတယ်။ အစပိုင်းမှာတစ်ခုနှစ်ခုကနေ ခြေထောက်အပြည့် လက်အပြည့် ဗိုက်အပြည့်ထိုးလာခဲ့ကာ နောက်ဆုံး စံချိန်တင်ရလောက်ထိ ဖြစ်သွားခဲ့ပါတယ်။ သူမခန္ဓာကိုယ်ရဲ့ ၉၅ရာခိုင်နှုန်းကို တက်တူးတွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ခုလိုတက်တူးတွေပိုင်ဆိုင်ထားတာဟာ မယုံနိုင်စရာပါပဲ။

https://s9.kh1.co/__image/w=650,h=425,q=100/e8/e80ec68cfb9d8b6ba7cf77ac218956348a13efb1.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T