နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဟာ အိမ်လိုဖြစ်နေပေမယ့်လည်း ပန်းတိုင်မရောက်မချင်း လက်မလျှော့ခဲ့တဲ့ လူငယ်လေးတစ်ဦးအကြောင်း

//s9.kh1.co/e3/e3a4156427a5bbb04011d61e7f069364bc1e44d9.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Joshua Wong ကို ၁၉၉၆ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူဟာ ဟောင်ကောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာဒီမိုကရစ်တစ်ပါတီ တစ်ခုမှာ ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေအရ မဖျက်သိမ်းခင် အချိန်ထိ အတွင်းရေးမှုချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ Wong ဟာ ဟောင်ကောင်ကျောင်းသားတက်ကြွလှုပ်ရှားသူများအဖွဲ့Scholarism ကိုလည်း စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/ef/eff89fc330bbef6f97fae1beccdafb661bdc3cc5.jpeg
https://s9.kh1.co/__image/w=650,h=866,q=100/f8/f8333b5057e196f703a541d7365d753afe33914c.jpeg

၂၀၁၄ခုနှစ်က ဟောင်ကောင်ဆန္ဒပြပွဲတစ်ခုနဲ့ပတ်သတ်ပြီး သူဟာ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားလာပါတယ်။ Umbrella Movement မှာ သူဟာ အဓိကနေရာကနေ ပါ၀င်ခဲ့တာကြောင့် Time Magazine ရဲ့ ၂၀၁၄ခုနှစ် လွှမ်းမိုးမှုအရှိဆုံး လူငယ်ဖြစ်ခဲ့ပြီး အဲ့အတွက်ကြောင့်လည်း ၂၀၁၄ခုနှစ်ရဲ့လူသား အတွက် စံကာတင်စာရင်းထဲ ပါ၀င်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတုန်းကလည်း Fortune Magazineအရ သူ့ကို "World's Greatest Leaders" လို့အသုံးပြုခဲ့ပါသေးတယ်။ ၂၀၁၇ခုနှစ်မှာ ငြိမ်ချမ်းရေးနိုဘယ်ဆုအတွက်လည်း စံကာတင်စာရင်း ၀င်ခဲ့ပါသေးတယ်။ ၂၀၁၄ခုနှစ်တုန်းက ဆန္ဒပြပွဲတစ်ခုမှာ သူတို့ဟာ အရေးပါတဲ့ အခန်းကဏ္ဌမှာ ပါ၀င်နေတာကြောင့် ၂၀၁၇ခုနှစ်မှာ Wong နဲ့ အခြားဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ယောက်ကို ထောင်ဒဏ္ ၆လ ချမှတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/80/80986741ebfd19c6dbd8b5a2ba15fe41995d4ea2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/43/43e83dabe0b421ed93e86e231c5bacaeeb3bdc69.jpg

၂၀၁၈ခုနှစ်မှာလည်း Wong ဟာ ၂၀၁၄ခုနှစ်တုန်းက ဟောင်ကောင် ဆန္ဒပြမှုနဲ့ ပတ်သတ်ပြီး တရားရုံးကချမှတ်တဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့တာကြောင့် ထပ်မံထောင်ကျခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရေးသမား‌ေတွကိုလည်း ဟောင်ကောင်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအက်ဥပဒေကို အတည်ပြုရန် ၂၀၁၁-၂၀၂၀ ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ အဓိက နေရာမှာပါဝင်ခဲ့ပါသေးတယ်။ ဟောင်ကောင်အစိုးရကလည်း Wong ကို ခရိုင်ကောင်စီရွေးကောက်ပွဲကနေ အရည်အချင်းမမှီလို့ဆိုပြီး ဖြုတ်ချခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ်ဇွန်လတုန်းက သူဟာ လာမည့်ရွေးကောက်ပွဲမှာ ဥပဒေပြုကောင်စီနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a8/a89d5d2e9dc2d0d4851e988c712b5fd645e0efca.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d9/d980a20edaa02dda6b158c5d95a322d5145a59f1.jpg

ဒီဇင်ဘာ ၂၀၂၀မှာ သူဟာ ၂၀၁၉တုန်းက ရဲစခန်းရှေ့ သွားပြီး ဆန္ဒပြခဲ့မှုနဲ့ပတ်သတ်ပြီး ထောင်ထပ်ကျခဲ့ရပြန်ပါတယ်။ ၂၀၂၁ခုနှစ် April လကလည်း လူစုလူဝေပြုလုပ်ခဲ့တာကြောင့် ထောင်ဒဏ်လေးလထပ်ချခဲ့ပါတယ်။၂၀၂၁ခုနှစ် မေလ၆ရက်နေ့မှာာ Tiananmen Anniversary အတွက် ခွင့်ပြုချက်မရှိပဲ ထပ်မံလူစုခဲ့တာကြောင့် ထောင်၁၀လ ထပ်ကျခဲ့ပြန်ပါတယ်။ Joshua Wong နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကြိမ်ကြိမ်အခါခါ ထောင်ထဲ၀င်ခဲ့ရပေမယ့် သူအနေနဲ့ လက်လျော့ခဲ့တာမ‌ျိုးမရှိပါဘူး။ မိမိလိုချင်တဲ့ ပန်းတိုင်ကိုမရောက်မချင်း သူဟာရှေ့ဆက်လှမ်းခဲ့ပါတယ်။ အသက် ၂၄ နှစ်သာရှိသေးပေမယ့် သူ့လူမျိုးကောင်းစားရေးအတွက် စွန့်လွတ်အနစ်နာခံပြီး စွဲရှိရှိလျှောက်လှမ်းနေတဲ့ Wong ကိုတော့ အတုယူလေးစားသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5f/5f8b05cf141320c5e9a29fc0ac21f661b82c5d8f.jpg

သတင်း အရင်းအမြစ်The Guardian

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T