ချမ်းသာရင်တောင် ၀ယ်စီးလို့မရနိုင်တော့တ‌ဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Limited ကားများ

//s9.kh1.co/40/4093b931ada30e365e3e370715163b14b317bf51.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သင့်အနေနဲ့ ဘယ်လိုကားတွေကိုများ ကြိုက်နှစ်သက်ပါသလဲ။ ပြိုင်ကားလား ဇိမ်ခံကားလား ဒါမှမဟုတ် Body တောင့်တဲ့ ကားမျိုးကို ကြိုက်နှစ်သက်ပါသလား။ ဒါကြောင့် သင့်အနေနဲ့ ကားဝါသနာပါသူတစ်ယောက်ဖြစ်ပါက ခုဖော်ပြသွားမယ့် ကမ္ဘာ့ပေါ်က အရှားပါဆုံး နဲ့ ဈေးအကြီးဆုံး ကားတွေကို ဆက်ပြီးဖက်ရှုနိုင်ပါတယ်။

Mercedes-Maybach Exelero : $8M

https://s9.kh1.co/__image/w=650,h=366,q=100/1b/1be07c75bfc185af6f3c7b809e717628fb921c01.webp

Mercedes-Maybach Exelero ဟာ ကမ္ဘာပေါ်မှာ တစ်စီးသာထုတ်လုပ်ထားတဲ့ကားဖြစ်ပါတယ်။ ကားရဲ့အင်ဂျင်ဟာ Horsepower 690 (510 Kilowatts) ထုတ်ပေးနိုင်တဲ့ V12 Engine ပဲဖြစ်ပါတယ်။ Top Speed ကတော့ တစ်နာရီကို ၂၁၈မိုင် ( တစ်နာရီကို ၃၅၀ကီလိုမီတာ ) ရှိပါတယ်။ Exeleroရဲ့ ယနေ့ဈေးနှုန်းအရတော့ ဒေါ်လာ ၁၀မီလီယံထက် ပိုရှိနိုင်ပါတယ်။

Bugatti Centodieci : $9M

https://s9.kh1.co/__image/w=650,h=366,q=100/36/36553660c0ce9560964a9a679545a138a4da2b62.webp

Bugatti ဟာပြီးခဲ့တဲ့နှစ်က သူတို့အနေနဲ့ အင်မတန်ရ‌ှားပါးပြီး ဈေးအကြီးဆံုး Centodieci ကို ကားပွဲတစ်ခုမှာ ပွဲဦးထွက်ထုတ်ပြခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ၁၀စီးသာ ထုတ်လုပ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ Bugatti ရဲ့အရေးပါတဲ့ Anniversary တစ်ခုဖြစ်ပါတယ်။ ကားရဲ့ပုံစံကြောင့် သင့်ကိုကြွေမယ့်သူမရှိပေမယ့် သင့်စီးတဲ့ကားလို လမ်းပေါ်မှာ တွေ့ရမှာမဟုတ်ပါဘူး။ Centodieciကတော့ ထူးခြားတဲ့ပံုစံနဲ့ ထုတ်တဲ့ကား‌ေတွထဲမှာ အထူးခြားဆုံးဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၉သန်းရှိပါတယ်။

Bugatti La Voiture Noire : $12.5M

https://s9.kh1.co/__image/w=650,h=366,q=100/c1/c174499172a2363c4e2929741bf0c163e3146b28.webp

ဒေါ်လာ ၁၂.၅ မီလီယံ ဆိုပေမယ့် အခွန်နဲ့ပေါင်းလိုက်တဲ့အခါမှာ ဒေါ်လာ ၁၈.၇မီလီယံ တန်ဖိုးရှိပါတယ်။ အဲ့ဒီကားကတော့ Bugatti La Voiture Noire ဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်စီးသာရှိပါတယ်။ W16 Engine နဲ့ Horsepower 1479 (1102 Kilowatts) ထိထုတ်နိုင်ပါတယ်။ သို့သော်ခုချိန်မှာ Bugatti La Voiture ကို၀ယ်လို့မရတော့ပါဘူး....ပိုင်ရှင်ရှိနေပြီးသားကြောင့်ပဲဖြစ်ပါတယ်။

Rolls-Royce Sweptail : $12.8M

https://s9.kh1.co/__image/w=650,h=366,q=100/4b/4ba663dc5c65b077882415287fdaf448d066d569.webp

Rolls-Royce Sweptail ကတော့ ၂၀၁၇ခုနှစ်တုန်းက ဈေးအကြီးဆုံး ကားဖြစ်ခဲ့ဖူးပါတယ်။ ပြဿနာက Rolls-Royce အနေနဲ့ ကားဈေးနှုန်းကို တခါမှ ထုတ်မပြောခဲ့ပါဘူး။ သို့သော်ခန့်မှန်းခြေအရ ဒေါ်လာ ၁၂.၈ မီလီယံ လောက်ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်စီးတည်သော Rolls-Royce Sweptail ကိုထုတ်ဖို့ သူတို့အနေနဲ့လည်း ၄ နှစ်လောက် ကြာမြင့်ခဲ့ပါတယ်။

Pagani Zonda HP Barchetta : $17.5M

https://s9.kh1.co/__image/w=650,h=366,q=100/bf/bf4a9088d8391210026fcc4da01da520b14c0460.webp

ကမ္ဘာ့ဈေးအကြီးဆုံးက‌ားကတော့ အီတလီက အနည်းငယ်သာ ထုတ်လုပ်ထားတဲ့ Pagani Zonda HP Barchetta ပဲဖြစ်ပါတယ်။ ဒါပေမယ့် Company အနေနဲ့သူတို့ကားကို ပိုင်ဆိုင်တဲ့ လူ၃ယောက်ကို ‌ပြောပြခဲ့ပါတယ်။ အဲ့ထဲကတစ်ယောက်က Horacio Pagani ရဲ့ CEO ပဲဖြစ်ပါတယ်။ ခုဖော်ပြသွားတဲ့ ကားတွေကတော့ ကမ္ဘာပေါ်မှာ မီလီယံဒေါ်လာ လောက်သာရှိတဲ့ ကားတွေပဲဖြစ်တာမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။

သတင်း အရင်းအမြစ်motor1.com

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T