တကယ့်လက်တွေ့ကမ္ဘာက Rapunzel မင်းသမီး နှင့် ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီး

//s9.kh1.co/ac/ac04e8e84ccc8a4e5a79a1d1673246984ad097b1.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အမျိုသမီးတွေဟာဆိုရင် သူတို့ရဲ့ လက်သည်းတွေ ဆံပင်တွေကို အထူးဂရုစိုက် တန်ဖိုးထားကြလေ့ရှိပါတယ်။ တချို့ဆို မိမိတို့ရဲ့ လက်သည်းတွေကို အလှဆင်လေ့ရှိကြပြီး ဆံပင်တွေကိုလည်း အမျိုးမျိုး ပြုလုပ်တက်‌ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ မိမိတို့ရဲ့ ဆံပင်တွေလက်သည်းတွေကို အရှည်ထားကြလေ့ရှိပါတယ်။ အဲ့လိုသူတွေထဲကမှ ဂင်းနစ်စံချိန်တင်ထားတဲ့ အမျိုးသမီးနှစ်‌ေယာက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Asha Mandela

https://s9.kh1.co/__image/w=400,h=519,q=100/b5/b5165a6be08e7c5ab0adfb0fcc8888a1b0cb3262.jpg

တကယ့်လက်တွေ့ဘ၀ရဲ့ Rapunzel ကတော့ Floridaက ၅၅ပေရှည်လျာတဲ့ ဆံပင်ပိုင်ရှင် Asha Mandela ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံးအမျိုးသမီးဆိုတဲ့ ဂင်းနစ်စံချိန်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမအနေနဲ့လည်း သူမရဲ့ ဆံပင်ကို မြတ်နိုးတန်ဖိုးထားပြီး တကယ့်လက်တွေ့ဘ၀ရဲ့ Black Rapunzel လို့လူတွေက သိရှိကြပါတယ်။

https://s9.kh1.co/__image/w=500,h=332,q=100/81/815a3ef2462189e041bc19ad0e107652c764a308.webp

Christine Walton

https://s9.kh1.co/__image/w=500,h=333,q=100/2b/2b0949754556e2f81d2e16eb853aeac9de621226.webp

ကမ္ဘာ့လက်သည်းအရှည်ဆုံး အမျိုးသမီးဖြစ်‌တာကြောင့် မိမိကိုယ်ကို ဂုဏ်ယူမိတဲ့သူမကတော့ Christine Walton ပဲဖြစ်ပါတယ်။ အသက်၄၅နှစ်ရှိပြီးဖြစ်ပြီး Las Vegasမှာနေထိုင်ပါတယ်။ သူမအနေနဲ့ လက်သည်းရှည်ထားရတာကို ကြိုက်နှစ်သက်ပြီး ခုလို လက်သည်းအရှည်ကြီးပိုင်ဆိုင်ထားလို့လည်း ပျော်နေတဲ့သူဖြစ်ပါတယ်။ သူမရဲ့ ညာဘက်လက်သည်းအရှည်ကတော့ ၉ပေ၇လက်မရှိပြီး ဘယ်ဘက်လက်သည်းကတော့ ၁၀ပေ၂လက်မရှိကာ စုစုပေါင်းအရှည်ကတော့ ၁၉ပေနဲ့၉လက်မရှိပါတယ်။ သူလိုလက်သည်းရှည်ကြီးထားဖို့ဆိုတာ မိန်းကတွေအနေနဲ့ တော်တော်ဂရုစိုက်ရမှာဖြစ်ပြီး ဖုန်းသုံးရင်လည်း စိတ်ရှည်ရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=466,h=492,q=100/dc/dc8e8d87980901919277850ca04138ecee48f8f3.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T