ကမ္ဘာကျော်မင်းသားများ နှင့် သူတို့ရဲ့ စီးတော်ယာဉ်များအကြောင်း

//s9.kh1.co/04/04dda2b93188c1559dd45090cb8af66e2d510fc5.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လူတစ်ယောက်ဘယ်လောက်ထိအောင်မြင်လဲ ဘယ်လိုနေထိုင်မှုပုံစံမ‌ျိုးနဲ့နေလဲဆိုတာ သူတို့ရဲ့ကားကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ရုပ်ရှင်မင်းသားတွေလည်း အတူတူပါပဲ....ဝါသနာအရ ကားတွေစုစည်းမှုရှိပေမယ့် သူတို့စီးတဲ့ကားနဲ့ သူတို့နေထိုင်ပုံက အတူတူပါပဲ။ အဲ့တာကြောင့်ပဲ ကမ္ဘာကျော်မင်းသားတွေ ပိုင်ဆိုင်တဲ့ကားတွေကို ဆက်လက်ကြည့်ရှုလိုက်ပါအုန်း။

Samuel L Jackson

ပရိသတ်တွေတော်တော်များများသိရှိကြတဲ့ Samuel L Jackson ကတော့ Lamborghini 57 S အမျိုးအစားကို စီးနင်းသူဖြစ်ပါတယ်။ သူဟာအဲ့ကားကို ကလေးသူငယ် အန္တရာယ်ကင်းရှင်းစေရန် ပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ သူအနေနဲ့ကားလည်း၀ယ်သလို ကလေးသူငယ်တွေကို လှူရာလည်း ကျပါတယ်။

https://s9.kh1.co/__image/w=650,h=469,q=100/54/540780de03d274682eaad14e9e918a3d43bafa23.jpg

Leonardo DiCaprio

Titanic မင်းသားကြီး Leonardo DiCaprio ကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို ထောက်ခံသူအနေနဲ့ Toyota Prius ကိုစီးနင်းသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/9d/9d8f43a3f0eff001f1a000c612b9b22517935a62.jpg

Jim Carrey

ကမ္ဘာကျော် ဟာသမင်းသားကြီး Jim Carrey ကို The Mask ကားနဲ့ ပရိတ်သတ်ကြီး သိရှိကြမှာပါ။ သူနဲ့ထိသမျှဟာ ရွှေဆိုသလို သူစီးတဲ့ကားကလည်း Mercedes S-Class ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=283,q=100/32/32e0845f9d5db7d45259e95dd2b2bb06c8b4d029.jpeg

Tom Cruise

Mission Impossible မင်းသားကြီး Tom Cruise အနေနဲ့ Hollywood ရဲ့လမ်းပေါ်မှာ သူ့ရဲ့ ဖက်ရှင်ကျတဲ့ Porsche 911 ကားကိုမောင်းနေရရင် ကျေနပ်နေသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=458,h=306,q=100/e3/e3f011ab18e8e72246bd19ceda9381d6861c2471.jpg

Adam Sandler

Hollywood ရဲ့ စတီဖင်ချောင် လို့သတ်မှတ်လို့ရတဲ့ Adam Sandler အနေနဲ့ကတော့ Dodge Challenger ကိုစီးနင်ပါတယ်။

https://s9.kh1.co/__image/w=628,h=420,q=100/ee/ee72c8d4dda95a4f7f043df0b2b50b37faca1c78.jpg

The Rock

Dwayne "The Rock" Johnson ကတော့ ဘဲကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့လိုကြီးမာတာကြောင့် သူအနေနဲ့ Lamborghini ဒါမှမဟုတ် Ferrari နဲ့မဆန့်ကြောင်းပြောဖူးပါတယ်။ ဒါကြောင့်ပဲ သူနဲ့လိုက်တဲ့ Ford F-150 ကိုစီးနင်သူတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/39/394391d5af803adcc3632b8d6e7a5cf7b76436df.jpg

Kevin Hart

Mercedes G65 ကို Kevin ဟာပိုင်‌ဆိုင်ထားသလို ကြော်ငြာတစ်ခုမှာလည်း Recommend ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူအနေနဲ့ စိတ်ကျေနပ်မှုမရှိသေးပဲ ကားတာယာလဲခြင်း၊ အနားကွပ်ခြင်း နဲ့ တခြားဟာတွေကိုလည်း ထပ်မံတပ်ဆင်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/d6/d608a39311a12a4e396b9b14c42a4cfa243e0f92.webp

Sylvester Stallone

Rambo နဲ့ Rocky ကားတို့ရဲ့မင်းသားကြီး Sylvester Stallone စီးတဲ့ကားကတော့ Mercedes G-Wagon ပဲဖြစ်ပါတယ်။ မင်းသားကြီးလိုပဲ ကားကလည်း ဘော်ဒီတောင့်တယ်။

https://s9.kh1.co/__image/w=650,h=434,q=100/6b/6b79f135b0cd3404c00ff02b07a9fcde51fcf5a5.jpg

Arnold Schwarzenegger

Terminator မင်းသားကြီး အာနိုးကတော့ Austria မှာမွေးပေမယ့်လို့ California ကိုယ်စားပြု‌တာကြောင့် California ပြည်နယ်အုပ်ချုပ်‌ေရးမှု အဖြစ် နှစ်ကြိမ် မဲပေးခံခဲ့ရပါတယ်။ ဒါကြောင့်လည်း သူဟာ California ထုတ်ကားတွေထဲက တစ်စီးဖြစ်တဲ့ Porsche 911 ကိုစီးနင်သူဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=489,h=275,q=100/e7/e78fbc5b40cc4f0acc8408a352e38ea7e6a9c3f9.jpg

သတင်း အရင်းအမြစ်Celebrity Car

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T