Covid-19 ရောဂါရှိမရှိကို သိရှိနိုင်မယ့် Mask ကိုတ‌ီထွင်နိုင်ခဲ့ကြတဲ့ လူသားများ

//s9.kh1.co/df/dfe18a8cde69bcaa04061aac2986fa6d63780e81.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လူသားတွေဟာ အချိန်ကြာလာတာနှင့်အမျှ ခေတ်မှီလာကြပြီး တီထွင်ကြံဆမှုတွေလည်း တိုးတက်လာခဲ့ပါတယ်။ တစ်ချိန်က လူသားတွေဟာ အမှောင်ထဲမှာနေခဲ့ရပေမယ့် ခုချိန်မှာတော့ လှပပြည့်စုံနေမယ့် အလင်းရောက်အောက်မှာ နေကြရပါပြီ။ တစ်ချိန်က ရောဂါကုသဖို့အတွက် ဆေးမပေါ်ပေါက်ခဲ့ပေမယ့် ခုချိန်မှာတော့ မကုသနိုင်ရင်တောင် သက်သာစေလောက်မယ့် ဆေးတွေကို ဖော်စပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင်လည်း ကမ္ဘာကြီးကို ထိတ်လန့်စေခဲ့တ‌‌ဲ့ COVID-19ရောဂါ ကာကွယ်ဆေးတွေလည်း ထုတ်ဖော်နိုင်ခဲ့ပြီး Mask အသစ်တစ်ခုကိုလည်း တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/67/6710f94895cc2387d7d2fdbe56f19f7524aa2f21.jpg
https://s9.kh1.co/__image/w=650,h=366,q=100/0c/0cf7012863bd4e34a96bc55a8086bfdba119f1ae.jpg

သိပ္ပံပညာရှင်တွေဟာ Mask တစ်ခုကို တီထွင်ခဲ့ကြပြီး အဲ့ဒီ Mask ကို Covid-19 ရောဂါရှိသူအနေနဲ့ မိနစ်၉၀အတွင်းမှာ ၀တ်ဆင်မယ်‌ဆိုရင် သူ့ဆိမှာ Covidရှိမရှိကို တခြားသူတွေပါ သိရှိနိုင်ပါတယ်။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်နှင့် ဟားဗတ်တို့မှ အင်ဂျင်နီယာ‌ေတွ ဒီဇိုင်းပြုလုပ်ထားတဲ့ တစ်ခါသုံးအာရုံခံကိရိယာ‌ေသ‌း‌ေသး‌ေလးဟာ အနာဂါတ်မှာအခြားရောဂါပိုးများကို ရှာဖွေနိုင်ရန်အလားအလာရှိပါတယ်။ ခုနည်းပညာရဲ့ အဓိကသော့ကတော့ အာရုံခံစက်ထဲမှာရှိတဲ့ Circuit နဲ့ဆိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/16/16bebe71528f2e6375401691e581812597a1c237.jpg
https://s9.kh1.co/__image/w=650,h=488,q=100/11/1191f9a4da792ca1b1d74cd90bcab3ee48bb3b24.jpg

ခုလို လူသားတွေအနေနဲ့ ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ Covid-19 ကို ခုလိုမျိုးကာကွယ်ဆေးတွေ Mask တွေကို တီထွင်နိုင်တာဟာ တကယ်ကို အံ့မခန်းပါပဲ။ ခုချိန်မှာလည်း မိမိတို့မြန်မာနိုင်ငံမှာ Covid ရောဂါဟာ ဆိုးရွာလာပြီဖြစ်တာကြောင့် ဂရုစိုက်ပြီးနေသင့်ပါတယ်။ Covid-19 ကာကွယ်ရေးလမ်းစဉ်တွေကိုလည်း လိုက်နာပြီး အထူးသတိရှိဖို့ တိုက်တွန်းလိုက်ပါတယ်။ Maskကိုလည်း Surgical Mask နဲ့ အ၀တ် Maskနှစ်ခုတပ်တာက ပိုကာကွယ်နိုင်ပါတယ်။

သတင်း အရင်းအမြစ်Skynews

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T