တိရစ္ဆာန်တစ်ကောင်လို အနံခံနိုင်ပြီး သွေးစုပ်ဖုတ်ကောင်လို့ စုပ်ယူတက်တဲ့ အပင်နှင့် တခြားထူးဆန်းသော အပင်များ

//s9.kh1.co/b4/b4035315fa0f956845b76a5c8b553e36721e3a47.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အပင်တွေဟာ သူတို့ရဲ့အစာကိုရှာဖွေ့ဖို့ မျက်လုံးတွေ နားတွေမပါကြပါဘူး။ သူတို့မှာ ဦးနှောက်မပါတာတောင် အံ့ဩလောက်အောင် ပတ်၀န်းကျင်အနေအထားကိုသိရှိတက်ကြပါတယ်။ လူသားအားလုံးအနေနဲ့လည်း အပင်တွေနဲ့ပတ်သတ်လို့‌ ကောက်ချက်ချတာ မှားတက်လေ့ရှိပြီး တချို့သောအပင်တွေဟာ တိရစ္ဆာန်တွေနဲ့ တူကြပါတယ်။ ဒါကြောင့်ပဲ ဘယ်အပင်တွေကများ ဘာကြောင့် တိရစ္ဆာန်တွေနဲ့ တူရလဲဆိုတာ ဆက်လက်ဖက်ကြည့်လိုက်ရအောင်။

Dodder vine

https://s9.kh1.co/__image/w=650,h=403,q=100/75/7586dfd278c8dbcd51c7c0a88d0b29dc3384ff2d.webp

သွေးစုပ်ဖုတ်ကောင်တွေနဲ့ပတ်သတ်လို့ သင်အနေနဲ့ကြားဖူးသလို သူတို့သာအပြင်မှာရောလရှိခဲ့လားဆိုတာ သံသယဖြစ်ဖူးကြတယ်မလား။ ဒါပေမယ့်ခုဖော်ပြမယ့် အပင်ကတော့ အဲ့ထက်ပိုထူးဆန်းနေပါလိမ့်မယ်။ ထိုအပင်ကတော့ ပလပ်စတစ်လို အပင်တစ်မ‌ျိုးဖြစ်ပြီး အမြစ်လည်းမရှိသလို အစာလည်းမထုတ်လုပ်နိုင်ပါဘူး။ ထိုအပင်ဟာ တခြားအပင်ပေါ်မှာ နေထိုင်ပြီး သူနေထိုင်တဲ့ အပင်ကနေ အစာအာဟာရကို စုပ်ယူလေ့ရှိပါတယ်။ သူတို့ရဲ့သွားသေ‌းသေးလေးတွေနဲ့ ထိုအပင်ရဲ့အသက်မကုန်မချင်းကို စုပ်ယူတက်ကြပါတယ်။ လူတော်တော်များများအတွက် ဒီဟာကမထူးဆန်းပါဘူး။ ထူးဆန်းတာက သူဟာအပင်များစွာထဲက ခရမ်းချဉ်သီးပင်ကို တခြားအပင်တွေထက် ပိုကြိုက်နှစ်သက်ပြီး ရွှေးချယ်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဒီအပင်ဟာ တိရစ္ဆာန်တွေလို အနံခံနိုင်ပါတယ်။ ဒါကြောင့်ပဲ မျက်လုံးမပါပေမယ့် ဘယ်အပင်ဟာ ခရမ်းချဉ်သီးအပင်ဖြစ်မလဲဆိုတာကို ရွှေးချယ်နိုင်တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f5/f5e33c19f24a159f16ad50923f2c4baacbec0ad9.jpg

Desmodium Gyrans

https://s9.kh1.co/__image/w=650,h=505,q=100/5f/5f0d0663c23c5d1bf5bae6635e0e7376f5c5add3.jpg

Dancing Plant ကို တခြားအပင်တွေအားလုံးရဲ့ မူလဖြစ်ရိုးဖြစ်စဉ်တွေကို ဆန့်ကျင်ပြီး တည်ရှိနေတဲ့အပင်လို့လည်း သိရှိကြပါတယ်။ အပင်တွေဟာ ထိလိုက်တာပဲဖြစ်ဖြစ် မီး သို့မဟုတ် အလင်းနဲ့ ထိုးလိုက်တာပဲဖြစ်ဖြစ် တုံ့ပြန်မှုတွေရှိကြပေမယ့် ဂီတသံနဲ့ထိတွေ့လိုက်ရင် တုံ့ပြန်မှုမရှိဘူးလို့ ထင်နေရင်တော့ မှားကြပါလိမ့်မယ်။ ဒီအပင်ဟာ အသံတွေကို တုံ့ပြန်မှုရှိတယ်လို့ ယုံကြည့်ရပါတယ်။ တခြအသံတွေ အားလုံးထက် ၁၈၇၃ခုနှစ်က Sir Joseph Hooker ဆိကို Charles Darwin ကိုယ်တိုင်စိတ်လှုပ်ရှားပြီး ရေးခဲ့တဲ့စာကို ပိုတုံ့ပြန်တက်လေ့ရှိပါတယ်။ ဒီအပင်ကတော့ အပေါ်မှာ ပြောပြခဲ့သလို Dancing Plant ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e1/e1c23115b930b8833ba9952ebaea2d0ab7081418.webp

Animal–like Plants: Drosera

https://s9.kh1.co/__image/w=650,h=366,q=100/a2/a2fcf2dbaf5b8e20fbe65f7209d46649a66b8f08.webp

ပုံမှန်အားဖြင့် Sundew လို့ခေါ်ကြတဲ့ ဒီအပင်ဟာ မျိုးစိတ်၂၀၀လောက်ကို စားသုံးတဲ့ အသားစားအပင်တစ်မျိုးဖြစ်ပါတယ်။ သူရဲ့လှုပ်ရှားနိုင်တဲ့ အပိုင်းတွေနဲ့ အခ‌ျိုအရသာ၊ အမွှေးရနံနဲ့ စေးကပ်ကပ်ဖြစ်နေတဲ့ ၀တ်ရည်ကိုထုတ်လုပ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ အပင်ဟာထောက်ချောက်ဆင်ပြီး ရောက်လာသမျှ အင်းစက်တွေကို စားသောက်လျက်ရှိပါတယ်။ အင်းစက်လိုသေးငယ်တဲ့ တိရစ္ဆာန်တွေအတွက် ကြောက်လန့်စရာပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/4d/4d9df9da4a867562dc3646ac310d43be22472a4f.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T