အများသုံးသန့်စင်ခန်းမှာ စားသောက်ရမယ့် Toliet Restaurant နှင့် တစ်သက်မှာတစ်ခါတော့ သွားရောက်စားသောက်သင့်တဲ့ စားသောက်ဆိုင်များ

//s9.kh1.co/0b/0bc71f003b0c9e37fd20c30f6b5cde28bb9b11a8.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထူးခြားပြီး ဆန်းပြားတဲ့ စားသောက်ဆိုင်တွေဟာ တစ်ကမ္ဘာလုံးမှာရှိပါတယ်။ လူတွေဟာလည်း မိမိတို့ရဲ့စားသောက်ဆိုင်ကို အများနဲ့မတူ တမူထူးြခားအောင် ပြုလုပ်တက်လေ့ရှိပြီး လူတွေကို ဆွဲဆောင်လေ့ရှိတက်ကြပါတယ်။ ဒါကြောင့်သင့်အနေနဲ့ တစ်သက်မှာတခါတော့ သွားရောက်စား‌ေသာက်သင့်တဲ့ ကမ္ဘာပေါ်က ထူးခြားတဲ့ စားသောက်ဆိုင်တွေကို ဖော်ပြလိုက်ပါတယ်။

Toilet Restaurant

https://s9.kh1.co/__image/w=650,h=434,q=100/f4/f45a9a72b1f82e35b74c40645097d5aa1feb0b3e.jpg

Barry Islandပေါ်မှာရှိတဲ့ စားသောက်ဆိုင်ဟာဆိုရင်တော့ အများသုံး သန့်စင်ခန်းလို့ထင်ရလောက်‌မယ့် အိမ်သားစားသောက်ဆိုင်ပဲဖြစ်ပါတယ်။ ထိုင်ဝမ်မှာလည်း ခုလို‌စားသောက်ဆိုင်ရှိပါတယ်။ သင့်အနေနဲ့ အိမ်သာခွက်နဲ့စားသောက်ရမယ့် ပုံစံကို စိတ်ကူးမိဖူးပါသလား။ အရသာတွေကတော့ တကယ်ကောင်းမွန်းတယ်လို့ Recommend ပေးထားကြပါတယ်။

Robot Restaurant

https://s9.kh1.co/__image/w=650,h=369,q=100/11/112a8a067d9ec782609b5d6b79863015340af802.jpg

Tokyoမြို့ရဲ့ ခရီးသွားဧည့်သည်တွေကို ဖမ်းစားနိုင်တ‌ဲ့ နေရာတွေထဲက‌တစ်ခုကတော့ Robot Restaurant ပဲဖြစ်ပါတယ်။ Video‌ မှာဖော်ပြထားသလိုပဲ ဆိုင်နာမည်နဲ့လိုက်အောင် စက်ရုပ်တွေကိုတွေ့ရှိနိုင်ပြီး အရောင်အသွေးစုံလင်းလှတဲ့ ကကွက်တွေ ဂီတသံစဉ်တွေကို တွေ့မြင်ရပြီး စားသောက်ရမှာ ဖြစ်ပါတယ်။ အဲ့အပြင် ဂျပန်နိုင်ငံမှာ Ninja Restaurant လည်းရှိပါသေးတယ်။

Ithaa Undersea Restaurant

https://s9.kh1.co/__image/w=650,h=466,q=100/e2/e2ff9d67da459390d4e57f12ff2b1bfccd349e8c.jpg

ုပင်လယ်ရေမျက်နှာပြင်အောင် ၅မီတာမှာရှိတဲ့ စားသောက်‌ဆိုင်ကတော့ Ithaa ပဲဖြစ်ပါတယ်။ ရေအောက်စားသောက်ဆိုင်လေးကတော့ Conrad Maldives Rangali Island မှာ တည်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ရေအောက်စားသောက်ဆိုင်ဆိုလည်း မမှားပါဘူး။ သင့်အနေနဲ့ စားသောက်ဆိုင်ကိုသွားဖို့အတွက် အရင်ဆုံး Seaplane စီးရပါမယ်။ ဒေါ်လာအနည်းငယ်ကုန်ကျပေမယ့် သင့်အနေနဲ့ Aquaman လိုခံစားစေရပါလိမ့်မယ်။ ရေအောက်မှာလည်း စားသောက်ရမှာမို့ တခြား စားသောက်ဆိုင်တေ‌ွနဲ့ မတူတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T