အနှစ်၁၇၀အတွင်း ဘယ်သူမှ ထောင်ဖောက်မပြေးနိုင်ခဲ့ကြတဲ့ နယူးယောက်ကအကြီးမားဆုံးထောင်ကို စကားတစ်ခွန်းထဲနဲ့ ‌ထွက်ပြေးလွတ်မြောက်ခဲ့သူ အကြောင်း

//s9.kh1.co/db/db1cd28b64329771b09e2536e0d2003663672705.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူတော်တော်များများဟာ ထောင်ဖောက်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားတစ်ကားဖြစ်တဲ့ Shawshank Redemption ကားကိုလည်း ပရိသတ်ကြီးအနေနဲ့ ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် ခုပြောပြမယ့်ဟာကတော့ ရုပ်ရှင်ကားနဲ့မတူပဲ တကယ့် အပြင်လက်တွေ့မှာ စည်းကမ်းတင်းကျပ်တဲ့ ထောင်‌ေတွကို ဖောက်ခဲ့တဲ့ သူတွေ‌ရဲ့ အကြောင်းပဲဖြစ်ပါတယ်။

Frank Abagnal

https://s9.kh1.co/__image/w=650,h=366,q=100/80/8045acef03b91f490ad1eea37a2a8183fc3c83bf.jpg

Frank ဆိုတဲ့လူအကြောင်းကို သင့်အနေနဲ့ Leonardo DiCaprio ပါဝင် သရုပ်ဆောင်ထားတဲ့ Catch Me If You Can ဆိုတဲ့ကားနဲ့သိရှိနိုင်ပါတယ်။ Frank ဟာ သူ့အသက်၁၅နှစ်နဲ့ Crime လောကထဲကို ၀င်ရောက်လာသူဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ ထောင်စောင့်တစ်ယောက်ကို သူဟာ ထောင်သားအနေနဲ့ အယောင်ဆောင်ထားတဲ့သူလိုပြောပြီး ထောင်ထဲကနေ ထွက်သွားခဲ့ဖူးပါတယ်။ အဲ့အပြင် FBI လိုလည်း အယောင်ဆောင်ခဲ့ပါသေးတယ်။ အဲ့လိုမျိုးတွေကြောင့် သူ့ကိုထောင်ထဲမှာ အထူးကုသပေးခဲ့ပြီး တစ်နေ့မှာ ထောင်ထဲကနေ အေးဆေးလမ်းလျှောက်ပြီး ထွက်သွားကာ လူတိုင်းကလည်း သူ့ကိုလွှတ်ပေးခဲ့ပါတယ်။ ထောင်ထဲကနေ ထွက်ပြေးတဲ့သူတွေထဲမှာ သူဟာ အေးဆေးအဖြစ်ဆုံးလို့ သတ်မှတ်လို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ba/ba0a46938e11d79fa8035aa87b0fb12bcdbeeb08.jpg

Pascal Payet

https://s9.kh1.co/__image/w=650,h=297,q=100/28/280a775921eefa8027bfacb22caf7a0e80114007.jpg

Pascal ဟာ ဓါးပြတစ်ယောက်လည်းဖြစ်သလို လူသတ်သမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး ထောင်ဖောက်မှုဟာ ၂၀၀၁ခုနှစ် အောက်တိုဘာ ၂၁ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ အပြင်ကသူ့သူငယ်ချင်းတွေဟာ သူထောင်ကျနေတဲ့ ထောင်ပေါ်ကို Helicopter တစ်စီးခိုးလားပြီး သူ့ကိုကယ်ထုတ်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ သူဟာအဲ့‌ထောင်မှပဲ ထပ်ကျခဲ့ပါတယ်။ ဒီတခါမှာတော့ တခြားထောင်သား၃ယောက်ကိုပါ သူနဲ့အတူ ထောင်ဖောက်စေခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ သူ့ကိုထောင်ဒဏ် နှစ်၃၀ချခဲ့ပေမယ့် ၂နှစ်အကြားမှာ သူ့သူငယ်ချင်းတွေနဲ့အတူ အရင်လိုပဲ ရဟတ်ယာဉ် နဲ့ထပ်ထွက်ပြေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=324,q=100/8f/8f89fceedff184cb82359bd6f2fa338296748f6f.jpg

David Sweat and Richard Matt

https://s9.kh1.co/__image/w=650,h=488,q=100/b5/b5216c222da47be3cbe557396ad13e33b266665f.jpg

David Sweat နဲ့ Richard Matt ကတော့ နယူးယောက်မှာ အနှစ်၁၇၀အတွင်းဘယ်သူမှ ထွက်မပြေးနိုင်ခဲ့တဲ့ အကြီးမားဆုံးထောင်ကို ဖောက်နိုင်ခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ ထောင်ဖောက်ပြေးခဲ့ရုံတင်မကပါဘူး....ထောင်စောင့်တွေအတွက်လည်း စာတစ်စောင်းချန်ထားခဲ့ပါသေးတယ်။ အဲ့စာလေးကတော့ " ကောင်းမွန်သော နေ့ရက်လေး တစ်ရက် ပိုင်ဆိုင်နိုင်ပါစေ " ဆိုပြီးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/16/16f522a4347602eb803492c76701dfa755439715.jpg

သတင်း အရင်းအမြစ်Scoopwhoop

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T