ဒေါ်လာ ၃ သိန်း တန်ဖိုးရှိတဲ့ Barbie ရုပ်နှင့် ကမ္ဘာ့ဈေးအကြီးဆုံး Barbie ရုပ်လေးများ

//s9.kh1.co/47/470d54e6d3738be72902692e16d835952b982485.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-လိုင်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

Barbie ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတွေအတွက် အကြိုက်ဆုံး အရုပ်တစ်ခုပါပဲ။ ကလေးတွေပဲ ဘာဘီ ကိုကြိုက်ကြတာမဟုတ်ပဲ အရွယ်ရောက်ပြီးသား သူတွေအနေနဲ့လည်း ဘာဘီရုပ်တွေကို လိုက်လံစုဆောင်းတက်ကြတဲ့သူတွေ ရှိပါတယ်။ ဘာဘီအရုပ်တွေဟာ တခြားအရုပ်တွေထက်စရင် အနည်းငယ် ဈေးပိုကြီးပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ထင်ထားတာထက်တောင် ဈေးကြီးလှတဲ့ ဘာဘီရုပ်တွေရှိပါသေးတယ်။ ဒါကြောင့် ဘယ်လောက်ထိဈေးကြီးကြမလဲဆိုတာ ဆက်လက်ဖက်ရှုလိုက်ပါအုန်း။

Devi Kroell Barbie – $1075

https://s9.kh1.co/__image/w=650,h=465,q=100/62/624573187bd652c420d056c15ea573b63b560678.webp

ဒီဇိုင်းနဲ့ပြုလုပ်သူကတော့ Devi Kroell ပဲဖြစ်ကာ သူမဟာဆိုရင် နယူးယောက်ရဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ ပရိဟိတ Event တစ်ခုမှာ သူမရဲ့ ဘာဘီရုပ်ကို ဒေါ်လာ ၁၀၇၅ နဲ့ ရောင်းထွက်ခဲ့ပါတယ်။ ဒီဇိုင်နာတစ်ယောက်ဖြစ်သလို သူမပြုလုပ်ထားတဲ့ Barbieမလေးဟာလည်း Fashion ကျပါပေတယ်။

Lorraine Schwartz Bling Barbie – $7500

https://s9.kh1.co/__image/w=650,h=465,q=100/2d/2d541a7d9dd0d54a16ee59dc60ae438464800b48.webp

နယူးယောက်အခြေစိုက် လက်၀တ်ရတနာ ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Lorraine Schwartz ပြလုပ်ထားတဲ့ ဘာဘီရုပ်မလေးဖြစ်ပါတယ်။ ဘာဘီရုပ်မလေးကို ဒေါ်လာ ၂၅၀၀၀ ထက်တန်တဲ့စိန်တွေနဲ့ ဖန်းတီးခဲ့ပါတယ်။ ထိုလိုအရုပ်မလို‌မ‌ျိုး ၁၂ရုပ်ကိုသာ ပြုလုပ်ခဲ့ပါတယ်။ လေလံပွဲတစ်ခုမှာတော့ Barbie ရုပ်မလေးကို ဒေါ်လာ ၇၅၀၀နဲ့သာ ရောင်းထုတ်နိုင်ခဲ့ပါတယ်။

The Original Barbie – $27,450

https://s9.kh1.co/__image/w=650,h=510,q=100/51/5158ef92697b71e7fee09490955e70b7d76ec02c.webp

စုဆောင်းသူတွေဆိကို ပထမဆုံးပြုလုပ်တဲ့ ဘာဘီရုပ်မလေးတွေ များစွာရောင်းကြရ‌ေလ့ရှိပါတယ်။ ပထမဆုံးပြုလုပ်ခဲ့တဲ့ အရုပ်မကတော့ ၁၉၅၉ခုနှစ်ကိုအခြေခံထားပြီး အဖြူနဲ့အမဲစပ်ထားတဲ့ ရေကူး၀တ်စုံ ၀တ်ဆင်ပေးထားပါတယ်။ တခြားဘာဘီတွေနဲ့မတူတာက သူမခြေထောက်အောက်မှာ အပေါက်မပါတာနဲ့ ခေါင်းနောက်မှာ အမှတ်အသားမရှိတာတို့ပဲဖြစ်ပါတယ်။ ဘာဘီရုပ်တွေကို များစွာပြန်လည်ပြုလုပ်ပြီး ထုတ်ခဲ့ကြပေမယ့် Orginal Barbieရုပ်ရဲ့ဈေးကတော့ ကောင်းမွန်နေဆဲပါပဲ။

De Beers’ 40th Anniversary Barbie – $85,000

https://s9.kh1.co/__image/w=650,h=465,q=100/34/3435a1388051110ac93b3c4c56266229d49b58b4.webp

၁၉၉၉ခုနှစ် Barbieရဲ့နှစ်လေးဆယ်ပြည့်မွေးနေ့အတွက် ထုတ်လုပ်ထားခဲ့တဲ့ အရုပ်မလေးကတော့ De Beers ပဲဖြစ်ပါတယ်။ အကသမားတစ်ယောက်အဖြစ်ပုံဖော်ထားပြီး " De Beers " ဆိုတဲ့ နာမည်ကြီးစိန်အလုံး၁၆၀နဲ့ အလှဆင်ထားပါတယ်။ Barbieရုပ်တွေထဲမှာ ဈေးအကြီးဆုံး အရုပ်ဖြစ်မယ်လို့ သတ်မှတ်ခံခဲ့ရပြီး လေလံတင်ပွဲတစ်ခုမှာ ဒေါ်လာ ၈၅,၀၀၀ နဲ့ ရောင်းထွက်ခဲ့ပါတယ်။

Stefano Canturi Barbie – $300,000

https://s9.kh1.co/__image/w=650,h=465,q=100/fe/fef2918648f11a8b0b7c23c454d9cf6eebfe025d.webp

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဘာဘီအရုပ်ပဲဖြစ်ပါတယ်။ ဒီ Barbieရုပ်ကိုတော့ ရတနာဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Stefano Canturi ကဒီဇိုင်ဆွဲ‌ေပးခဲ့တာ ြဖစ်ပါတယ်။ Barbieရုပ်လေးကို New Yorkက လေလံပွဲတစ်ခုမှာ ဒေါ်လာ၃သိန်းနဲ့ရောင်းထွက်ခဲ့ပြီး ရရှိသမျှပိုက်ဆံအကုန်လုံးကို ရင်သားကင်ဆာသုတေသနဖောင်ဒေးရှင်း တစ်ခုကို လှူခဲ့ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T