ကမ္ဘာကျော် Celebrity တွေရဲ့ သင်မသိသေးတဲ့ နောက်ကြောင်း ပြစ်မှုမှတ်တမ်းများ

//s9.kh1.co/1b/1b9c1daf175aaaf6a1533b34d67ea6bb731cc284.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူတိုင်းဟာ အမှားလုပ်တက်ကြပါတယ်...ဒါပေမယ့် အဲ့လိုအမှားတွေက သူတို့ကဆိုးပြီး ငရဲကျဖို့ ထိုက်တန်တယ်လို့ မဆိုလိုပါဘူး။ ခုဖော်ပြမယ့်သူ‌ေတွကတော့ ကျွန်တော်တို့သိရှိ ကြိုက်နှစ်သက်ကြတဲ့ နာမည်ကြီးအနုပညာရှင်‌ေတွရဲ့ အတိတ်က ရာဇ၀င်ပြစ်မှု မှတ်တမ်း‌ေတွကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ ခုအနုပညာရှင်တွေကတော့ လူသိပ်မသိကြတဲ့ ရာဇ၀င်မှတ်တမ်းရှိကြသူတွေဖြစ်ပါတယ်။

Bill Gates

https://s9.kh1.co/__image/w=500,h=333,q=100/a6/a634d02b31995329b685f469a65f91f709bdbc8f.webp

Bill Gatesကိုမသိတဲ့သူမရှိလောက်ပါဘူး။ သူဟာ Microsoft ကိုတည်ထောင်သူဖြစ်ပြီး ကမ္ဘာ့အချမ်းသားဆုံး လူစာရင်းထဲမှာ ပါ၀င်သူလည်းဖြစ်ပါတယ်။ သူရဲ့ပြစ်မှုကတော့ လိုင်စင်မပါတဲ့အပြင် ကားကိုအရှိန်နဲ့မောင်းတာကြောင့် အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့မတိုင်ခင် ၁၉၇၅ခုနှစ်တုန်းက သူဟာ Stop Sign ‌ကိုဂရုမစိုက်ပဲ အရှိန်နဲ့မောင်းနှင်ခဲ့ဖူးပါတယ်။ ကံကောင်းတာက သူရောဘယ်သူမှဒဏ်ရာမရခဲ့ပါဘူး။ အဲ့တုန်းကဖြစ်ရပ်ကို သူဟာ သင်ခန်းစာမယူခဲ့ပဲ နှစ်နှစ်အကြာမှာ ထပ်မံပြီး ခုလို လိုင်စင်မပါပဲ ကားကိုအရှိန်နဲ့မောင်းခဲ့တာကြောင့် ထပ်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။။ ဒုတိယအကြိမ်ဖမ်းခံရချိန်မှာတော့ သူဟာ Microsoft နဲ့အောင်မြင်နေပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=887,q=100/1a/1af889f8d25549b182b58121f9c74ed4d62cc961.jpg

Bruno Mars

https://s9.kh1.co/__image/w=500,h=333,q=100/93/93f18c6bad4b1f791ad40bf9619e5db0961e2e0d.webp

ကမ္ဘာကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ Bruno Mars ကို ပရိသတ်ကြီးလည်း သိရှိကြမှာပါ။ သူဟာ ၂၀၁၀ခုနှစ်တုန်းက ကိုကင်းလက်၀ယ်ရှိမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူ့ကိုပြစ်ဒဏ်အဖြစ် ဒေါ်လာ၂၀၀၀နဲ့ နာရီ၂၀၀ခန့်ကြာအောင် လူမှု၀န်ဆောင်မှုပေးရန် ချမှတ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=404,q=100/b7/b75a4a8218b1eb196ebefcfe09ac508cd0b88147.jpg

Will Smith

https://s9.kh1.co/__image/w=650,h=365,q=100/ff/ff97173f4d4b52022c5f9712a384d963ff53db13.jpeg

ကမ္ဘာကျော်မင်းသားကြီးဖြစ်တဲ့ Will Smith ကိုပရိသတ်ကြီး အားလုံးသိရှိကြမှာဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်မှာတုန်းက သူဟာ Rapper တစ်ယောက်ဖြစ်ခဲ့ပါတယ်။ Grammy ဆုရရှိပြီးနောက်‌ရက်အနည်းငယ်အကြာမှာ သူ့ Bodyguard ဟာ လူတစ်ယောက်ကို မရပ်မနားထိုးနေခဲ့ပြီး သူလည်းဘာမှမမြင်မသိတော့လောက်အောင် ဖြစ်သွားခဲ့ပါတယ်ဆိုပြီး တရားခွင်မှာပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူဟာ ထိုလူကို လက်တစ်ချောင်းနဲ့တောင် မထိပါဘူးလို့ပြောကြားခဲ့ပါ‌ေသးတယ်။ ဒါပေမယ့်လည်း တရားသူကြီးအနေနဲ့ ငယ်ရွယ်တဲ့ Rapper တစ်ယောက်အနေနဲ့ လုပ်ချင်တာလုပ်ပြီး တခြားတစ်ယောက်ကိုအပြစ်ပုံချ တာဟာ ပုံမှန်ပါပဲလို့ ထင်ခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ သူ့အပေါ်စွဲချက်ကို ပယ်ဖျက်ပေးခဲ့တာမို့ Will Smithအတွက် ကောင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=333,q=100/86/86e40d60f1394fa193345115604f5c96992f061b.webp

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T