စလောင်းလေးတစ်ခုရှိတာန့ဲ ထောင် ၂ နှစ်ကျမယ့်နိုင်ငံနှင့် အခြားထူးဆန်းသော ဥပဒေရှိရာနိုင်ငံများ

//s9.kh1.co/f1/f1fe9cf8c8fc653a7225bc30a3bcada905d30f5b.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတစ်နိုင်ငံမှာနေရင် အဲ့ဒီနိုင်ငံမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေကို လိုက်နာရမှာပါပဲ။ ဒါပေမယ့် တချို့နိုင်ငံတွေက ချမှတ်ထားတဲ့ စည်းကမ်းတွေ ဥပဒေတွေဟာ ထူးဆန်းတက်လေ့ ရှိကြပါတယ်။ ဥပမာ Germanyမှာဆို Sunday မနက်တိုင်း မြတ်ရိတ်ခွင့်မပေးတာတို့ Cambodiaမှာဆို ရေသေနတ်မရောင်းခိုင်း၊ မရှိခိုင်းတာတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ခုချိန်မှာ ဘယ်နိုင်ငံက သူများနဲ့မတူတဲ့ ဥပဒေတွေ စည်းကမ်းတွေချမှတ်ထားလဲ ဆိုတာ ဆက်လက်ဖက်ရှုလိုက်ပါအုန်း။

Malaysia

https://s9.kh1.co/__image/w=598,h=313,q=100/53/534b9a5aa1db64371b9e588592170f1ace9c83eb.jpg

မလေးရှာရောက်နေတုန်း သင့်အနေနဲ့ Stranger Things ရဲ့ Season နောက်ဆံုးထွက်အပိုင်းတွေကို ကြည့်ချင်ပါသလား။ မလေးရှားမှာ ဂြိုလ်တုစလောင်း သင့်ဆိမှာရှိပါက ဒဏ်ကြေးဒေါ်လာ ၁သိန်းနဲ့ ထောင်နှစ်နှစ်ကျနိုင်ပါတယ်။ အဲ့အပြင် သင့်ရဲ့ စလောင်းကိုပါ သိမ်းမှာဖြစ်ပါတယ်။ The Malaysian Communications နဲ့ Multimedia Commission (MCMC) ရဲ့ကြေညာချက်အရ သင့်ဆီမှာ ဂြိုလ်တုစလောင်းရှိတာဟာ တရားဥပဒေချိုးဖောက်တာနဲ့အတူတူပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/15/15f2804c55759d43f8d0ae5bbad1bc791f15f766.jpg

Singapore

https://s9.kh1.co/__image/w=650,h=434,q=100/28/28fcc37918f58fd5b4f9aeea33bdbdb4869d21ef.png

စင်ကာပူမှာ သင့်အနေနဲ့ ပီကယ် စားခွင့်မရှိပါဘူး။ ၁၉၉၂ခုနှစ်ကတည်းက Singaporeမှာ ပီကယ်စားခွင့် ပိတ်ပင်ထားတာဖြစ်ပြီး ဒါဟာ ၀န်ကြီးချုပ် Lee Kuan Yew ရဲ့ စင်ကာပူနိုင်ငံကို ကမ္ဘာပထမအဆင့်နိုင်ငံအဖြစ်ပြောင်းလဲဖို့ ချမှတ်လိုက်တဲ့ ပေါ်လစီနဲ့ ဆိုင်ပါတယ်။ လူတွေဟာပီကယ်ကို ရထားဘူတာနဲ့တွေနဲ့ နေရာတော်တော်များများမှာချခဲ့ကြလေ့ရှိပါတယ်။ အထူးသဖြင့် ရထားတံခါးတွေမှာ လူတွေက ကပ်ခဲ့ကြလေ့ရှိပါတယ်။ ၂၀၀၀ခုနှစ်တုန်းက Lee ကိုအင်တာဗျူးတစ်ခုမှာ ပီကယ်စားရင် အတွေးတွေက Creation ပိုကောင်းတယ်လို့ပြောခဲ့ဖူးပါတယ်။ သူဟာအဲ့အချိန်မှာပဲ သူဟာ Creationမရှိ အတွေးမတွေးနိုင်တော့ရင်တောင်မှ ပီကယ်ကိုမ၀ါးပဲ ငှက်ပျော်သီးပဲ၀ါးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ ပီကယ်မစားရဥပဒေကို ပိတ်ပင်ခဲ့ပြီး ဆေးဆိုင်နဲ့ သွားဆရာ၀န်တွေကို ဆေးဖက်၀င်ပီကယ်တွေ ရောင်းခွင့်ပြုခဲ့ပါတယ်။ အဲ့တော့ ပီကယ်စားချင်ရင် ဆေးစာပါမှ ရောင်းမှာဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေအတွက်ကတော့ ပီကယ်ကို Limit နဲ့ပဲ ယူခွင့်ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/21/214e158398074b7a42da537daaa491ccdfd59023.jpg

South Korea

https://s9.kh1.co/__image/w=650,h=434,q=100/f7/f7f37d6466903b17163b98847fad241d6b384539.png

2011 ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံသမ္မတဟာ ဆယ်ကျော်သက်လေးတွေကို ညနက်ကနေ မနက်၆နာရီထိ အွန်လိုင်းဂိမ်းဆော့ခွင့် ပိတ်ထားပါတယ်။ တရားဥ‌ပဒေအရ အသက်၁၆နှစ်အောက် ဆယ်ကျော်သက်တွေကို ခုလို ဂိမ်းဆော့ခွင့်ပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ Online ဂိမ်းဆော့ပိတ်ထားပေမယ့် Offline ဂိမ်းဆော့လို့တော့ရပါတယ်။ အသက်၁၆နှစ်အောက်သူများအနေနဲ့ Online Game Servers ထဲ၀င်ဖို့အတွက် သူတို့ရဲ့ Social Security နံပါတ်ကုိ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ ဒီဥပဒေဟာအဆင့်မြင့်ခဲ့ပြီး မိဘခွင့်ပြုချက်ရရင် ညဘက်တွေလည်း Online Game ဆော့ခွင့်ရပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b8/b8f862e5f441c37dfc04052ae0b19b77fe75ad97.jpeg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T