ငှက်မလေးတွေကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့် တောင်းနိုင်တဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့ ငှက်ဖိုလေးများ

//s9.kh1.co/a5/a55afd1ee1f05ec799b846fee9065d845f6c5409.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာဆိုရင် ငှက်မျိုးစိတ်ပေါင်းများစွာရှိကြပါတယ်။ အဲ့ထဲမှာမှ ကြင်ဖော်ငှက်မလေးတွေကို ကြွေဆင်းသွားအောင် လုပ်ပြနိုင်တဲ့ ငှက်မ‌ျိုးတွေဟာ များများစားစားမရှိကြပါဘူး။ အဲ့ဒီအထဲမှာမှ Bower လို့ခေါ်တဲ့ ငှက်ကလေးတွေကတော့ လက်ထပ်ခွင့်တောင်းတဲ့ နေရာမှာ တကယ့်ကို ရိုမန်တစ်ဆန်ဆန် လုပ်ပြနိုင်တဲ့ ငှက်ကလေးတွေပဲ ဖြစ်ပါတယ်။ Bower ငှက်ထီးလေးတွေဟာ အမျိုးတူငှက်မလေးတွေ နေချင်လာအောင် အရောင်တောက်တောက် ပစ္စည်းလေးတွေနဲ့ အိမ်ဆောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/e2/e29dcb0eb9498eebc43668e7230e460007293d69.jpg
https://s9.kh1.co/__image/w=600,h=400,q=100/3f/3fc9321f18fdb0933a65900c1f9e6262986d321e.jpg

ငှက်မလေးတွေဟာ ငှက်ထီးလေးတွေ ဆောက်တဲ့အိမ်ကို ကြည့်ပါတယ်။ အရောင်လေးတွေ သိပ်မလှရင်တော့ အရောင်လှအောင် ဆောက်ထားတဲ့အိမ်က ငှက်ထီးလေးကို စိတ်ဝင်စားတက်ကြပါတယ်။ ဒါ့အပြင် ထူးဆန်းတာက Bower ငှက်မျိုးစိတ်တွေထဲမှာပါဝင်တဲ့ လိမ္မော်ရောင် Bower ငှက်ထီးတွေဟာဆိုရင် သူတို့ဆောက်တဲ့အိမ် သိပ်မလှတဲ့အခါ ငှက်မလေးတွေ လာနေချင်အောင် 'က' ပြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=352,q=100/aa/aa5f22e7c166f0f3d407664c371fb9e263391da3.jpg
https://s9.kh1.co/__image/w=600,h=480,q=100/30/305ad25ae1c9e9bcb639ead96b7695f44d2bd56c.jpg

Bower ငှက်ထီးလေးတွေ ဆောက်ထားတဲ့ အိမ်မှာဆိုရင် ရေသန့်ဘူး အဖုံး၊ အခွံမာ အရောင်တောက် အသီးလေးတွေ၊ ခရုလေးတွေ၊ ပိုက်သေးသေးလေးတွေ နှင့် ကလေးကစားစရာ စစ်သားရုပ်လေးတွေတောင်ပါဝင်နေတာတွေ့ရတက်ပါတယ်။ ဒီလို ရိုမန်တစ်ဆန်ဆန် Bower ငှက်ကလေးတွေကို အင်ဒိုနီးရှား နယူဂီနီ နှင့် ဩစတေးလျ တိုက်မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/f8/f86590a971a71076ec5a00fdbf24eefb3ded8b5d.jpg
https://s9.kh1.co/__image/w=624,h=351,q=100/81/81f7c95a28c891d6389dbcfc9534383fc45a7498.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T