မြေပဲထောပတ်ကနေ စိန်လုပ်လို့ရတဲ့ အကြောင်းအပြင် သင့်ကို အံ့ဩ‌သွားစေမယ့် အမှန်တရားများ

//s9.kh1.co/b6/b64e76dc8371b7d8f595f07ba015f36789435fd9.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သင့်အနေနဲ့ မိတ်ဆုံစားပွဲတစ်ခုမှာ လူတစ်ယောက်နဲ့ စကားပြောနေတုန်း ဘာမှပြန်မပြောနိုင်ဖြစ်ဖူးပါသလား။ သူပြောနေတဲ့အကြောင်းအရာကို ကိုဘက်ကပြန်မပြောနိုင်တာမ‌ျိုးပေါ့။ လူတော်တော်များများလည်း အဲ့လိုအခြေအနေရောက်ဖူးကြမှာပါ။ မိမိတို့နေထိုင်ရာ ဒီကမ္ဘာမြေကြီးဟာဆိုရင် နေ့တိုင်းလိုလို အသစ်အသစ်တွေကို စူးစမ်းရှာဖွေ့လေ့ရှိပြီး တွေ့ရှိပြီးသား အရာတွေကိုလည်း ထပ်မံရှာဖွေ့လေ့ရှိပါတယ်။ အဲ့လိုမျိုးတွေကြောင့်လည်း လူသားတွေဟာ မသိရှိရတာတွေသိရှိကြရပါတယ်။ ဒါကြောင့်ပဲ ခုဖော်ပြမယ့်အကြောင်းတွေကတော့ သင့်အနေနဲ့ တစ်ဖက်သူ စကားမ‌ပြောနိုင်အောင် ဆွံ့အသွားစေမယ့် အကြောင်းတွေပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကြောင့်ပဲ သင့်ကိုညစားစားပွဲမှာ Smartest Person ဖြစ်စေပါလိမ့်မယ်။

Diamond

https://s9.kh1.co/__image/w=650,h=975,q=100/c5/c5038d88ce19e021d902c7e11453403cbb8d54f3.jpg

ဂျာမန်သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေကြီးရဲ့အောက်ကို စူးစမ်းရှာဖွေရင်း စိန်ကိုတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ မြင့်မားတဲ့လေဖိအားနဲ့ ကျောက်ကိုခွဲကြည့်လိုက်တဲ့အခါမှာ သိပ္ပံပညာရှင်တွေဟာ စိန်ပြုလုပ်ဖို့ ထူးဆန်းတဲ့ နည်လမ်းကိုတွေ့ရှိခဲ့ကြပါတယ်။ သက်ရှိအားလုံးကို ကာဗွန်နဲ့ဖွဲ့စည်းထားတာကြောင့် သိပ္ပံပညာရှင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်လိုက်ပြီး ( ကာဗွန်ဒိုင်အောက်ဆိုက်ဟာ အရာဝတ္ထုကနေ ဖိအားများတဲ့အခါ ထွက်လာပါတယ် ) သန့်စင်တဲ့ ကာဗွန်တွေကို ထားခဲ့ပါတယ်။ အဲ့အခါမှာ စိန်ဟာ စိန်မဟုတ်တော့ပဲ ၀တ္ထုတစ်ခုအဖြစ် ကြီးထွားလာပြီး မြေပဲထောပတ်လိုဖြစ်သွားပါလိမ့်မယ်။ စိန်ကနေမြေပဲထောပတ် ပြောင်းလို့ရတာမို့ သိပ္ပံပညာရှင်တွေက မြေပဲထောပတ်ကနေ စိန်လုပ်တက်သွားပါတယ်။ ဒါပေမယ့် အဲ့လိုမြေပဲထောပတ်ကနေ စိန်ရဖို့အတွက် လေဖိအား အရမ်းများမှ ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မြေပဲထောပတ်တွေကို ပြေး၀ယ်ဖို့မလိုပါဘူး။

Ford

https://s9.kh1.co/__image/w=650,h=520,q=100/30/30db3ada24157a6c2ef245ffc9b5e77b962b5d99.jpg

Ford ဟာ ကမ္ဘာကျော်တီထွင်သူ‌တွေထဲက တစ်ယောက်ဖြစ်တဲ့ Thomas Edison ရဲ့ နောက်ဆုံးထွက်သက်ကို ပိုင်ဆိုင်ထားပါတယ်။ Thomas Edisonရဲ့ နောက်ဆုံးထွက်သက်ကိုလည်း Ford ပြတိုက်မှာ ပြသထားပါတယ်။ Henry Ford ရဲ့ပထမဆုံး အလုပ်က Edisonရဲ့ Company မှာ လုပ်ခဲ့တာပါ။ အဲ့အချိန်မှာ Ford ဟာ သူရဲ့ဆရာ Edison နဲ့တွေ့ဆုံးခဲ့ပြီး သူငယ်ချင်းတွေဖြစ်လာပါတယ်။ 1931ခုနှစ်မှာ Edison သေတော့ Ford က သူ့သူငယ်ချင်းရဲ့ နောက်ဆုံးထွက်သက်ကို သိမ်းထားချင်ခဲ့ပါတယ်။ အဲ့တာကြောင့်ပဲသူဟာ Edison ရဲ့သားကို အကူအညီတောင်းပြီး ခုလို ဖန်ပြွန်ထဲမှာ သိမ်းထားခဲ့တာပါ။ Ford အနေနဲ့ သူ့သူငယ်ချင်းရဲ့ နောက်ဆုံးထွက်သက်ကို ပိုက်ဆံရှာဖို့အတွက် လိုချင်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်ပဲသူဟာ အမှတ်တရအဖြစ်ထိန်းသိမ်းခဲ့ပါတယ်။ သူလည်း တီထွင်သူတွေထဲက‌တစ်ယောက်ဖြစ်ကာ အားလုံးသိကြတဲ့ Ford Motor Companyကို သူဟာ ၁၉၀၃ခုနှစ်တည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=333,q=100/94/943902d62dd45de11943aaa0a9126a3dea7242b0.webp

Idiot

https://s9.kh1.co/__image/w=500,h=263,q=100/d2/d27eddaae8890eeffddf1e983442dedeffdd7b7a.jpg

ရှေ့ခေတ် ဂရိလူမျိုးတွေဟာဆိုရင် မိမိတို့ကို သင်္ချာ၊ အတွေးအခေါ်ပညာ၊ ဂီတ၊ အနုပညာ၊ စာပေ စသဖြင့် များစွ‌ာပေးအပ်ခဲ့ပါတယ်။ မိမိတို ခုသိရှိတဲ့ ကမ္ဘာကြီးရဲ့ပုံပန်သွင်ပြင်ကိုလည်း သူတို့တွေပဲ အရင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂရိတွေက ပါလီမန်မှာ မဲပေးတာကိုလည်း တီထွင်ခဲ့သူတွေဖြစ်ပါတယ်။ ရှေးဂရိနိုင်ငံရှိနိုင်ငံရေးသမား‌ေတွဟာ ပြည်သူ့ရေးရာများတွင်ထင်မြင်ချက်နှင့် ပြောဆိုခွင့်ရှိကြပါတယ်။ တကယ်လို့သင့်အနေနဲ့ အဲ့လိုမပြောပဲ တိတ်တိတ်နေမယ်ဆိုရင် Idiot လို့ခေါ်ကြပါလိမ့်မယ်။ ဒါကြောင့် ပြည်သူ့ရေးရာတွေမှာ မိမိကိုယ်ကိုမိမိ ကိုယ်စားမပြုတဲ့သူတွေက Idiot ပါပဲ။ ယနေ့ခေတ်မှာတော့ Idiotက အရူးလို့ပဲ သိရှိကြပါတယ်။ ဂရိတွေသုံးခဲ့တဲ့ Idiot ဟာ ဘာ Negative မှမရှိပေမယ့် English တွေကတော့ ပြောင်းပြန်ပါပဲ။ ဂရိအဆိုအရ Idiot ဆိုတာ နိုင်ငံရေးသမား မဟုတ်တဲ့သူကို ဆိုလိုတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=522,h=424,q=100/76/76488f87dab44def8c67c578b309b3be440e9e69.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T