သမိုင်းတောက်လျှောက်စစ်ပွဲတွေမှာ အချိန်အတိုဆုံးဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း

//s9.kh1.co/66/660c030eb6eec7c85489ab95a3f17737ac4d98f2.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

၁၈၉၆ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်နှင့် ဇန်ဇီဘာနိုင်ငံတို့စစ်ပွဲဟာ (၃၈) မိနစ်သာကြာခဲ့တာ‌ေကြာင့် ကမ္ဘာ့ အချိန်အတိုဆုံးစစ်ပွဲလို့ အသိအမှတ်ပြုကြပါတယ်။ ဇန်ဇီဘာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီတို့ အုပ်ချုပ်ထားမှုကို ထောက်ခံခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီတို့နဲ့ ပူးပေါင်းအုပ်ချုပ်ခဲ့တဲ့ ဇန်ဇိဘာ ဘုရင်ဟာ ၁၈၉၆ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး သူသေတာနဲ့ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့အပြင် သူကွယ်လွန်တာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ တူဖြစ်သူ ခါလစ်ဘင်ဘာဂက်ရှ် က ဇန်ဇီဘာနိုင်ငံကို အာဏာသိမ်းယူခဲ့ပါတယ်။ ဗြိတိသျှတို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယူဆထားတဲ့ ဟာမွတ်ဘင် မိုဟာမက်ကို အာဏာပေးစေချင်တာကြောင့် ဘာဂက်ရှ်ကို အာဏာစွန့်လွှတ်ရန် ရာဇသံပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=198,h=255,q=100/7e/7ec61f3a069160d02a7d39d26867313863fa0d3c.jpeg
https://s9.kh1.co/__image/w=480,h=265,q=100/ab/ab9ac941ff7b8471d4bf490d0a944a1150b01ea4.jpg

ဒါပေမယ့်လည်း ဘာဂက်ရှ်က ဗြိတိသျှတို့ တောင်းဆိုမှု ကို ပယ်ချလိုက်ပြီး နန်းတော်တွင် တပ်များကို ချထားလိုက်ပါတယ်။ အဲ့အချိန်မှာပဲ ဗြိတိသျှတွေဟာ နန်းရှေ့ရှိ ဆိပ်ကမ်းတွင် ရေတပ်သင်္ဘော (၅)စီး ကို တပ်စွဲထားခဲ့ပါတယ်။ နောက်ဆုံးမှာ‌ေတာ့ ဘာဂက်ရှ်က ကျွန်းပေါ်ရှိ အမေရိကန်ကိုယ်စားလှယ်မှတစ်ဆင့် ဗြိတိသျှတို့နှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းခဲ့‌ေပမယ့်လည်း ဗြိတိသျှဘုရင်ရေတပ်က ရာဇသံ အချိန်စေ့သွားတာကြောင့် ဩဂုတ်လ (၂၆)ရက် နံနက် (၉) နာရီမှာ နန်းတော်ကို စတင်ပစ်ခတ်ခဲ့ပါတယ်။ နန်းတော်ပြိုကျပြီး လူများသေကုန်ကြသဖြင့် ဘာဂက်ရှ်လည်းနန်းတော်ကနေ အလျင်အမြန်ဆုတ်ခွာကာ ဂျာမန်ထံ ခိုလှုံခွင့်တောင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/63/63193f50cb724700a2df79668e4787ae087d05c7.jpg
https://s9.kh1.co/__image/w=550,h=373,q=100/99/999420bf27ac0f8e0f3539605c9e2472578df60c.jpg

ပစ်ခတ်မှုများဟာ (၃၈)မိနစ်အတွင်း ပြီးဆုံးသွားခဲ့ပြီး ဗြိတိသျှတွေက ဂျာမန်တွေကို နန်းကျဘုရင် ဘာဂက်ရှ်ကို အပ်နှံရန် တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘာဂက်ရှ်ဟာ အောက်တိုဘာလ(၂) ရက်မှာ ပင်လယ်တွင်းသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဘာဂက်ရှ်သည် ဒါအက်စ် စလမ်တွင် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ဗြိတိသျှတွေ ဘာဂက်ရှ်ကို ဖမ်းမိသွားခဲ့ရာ သူ့ကို မွမ်ဘာဆာတွင် နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်မှာတော့ ဘာဂက်ရှ် ကွယ်လွန်ခဲ့ပါတယ်။ (၃၈) မိနစ်စစ်ပွဲအပြီးတွင် ဘာဂက်ရှ်ဘက်က လူ၅၀၀သေဆုံးခဲ့ပြီး ြဗိတိန်ဘက်က သင်္ဘောသား တစ်ယောက်သာ ဒဏ်ရာရခဲ့ပါတယ်။ အဲ့အချိန်တုန်းက ဗြိတိန်ရေတပ်ဟာ အတော်ဆုံး ရေတပ်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=572,h=401,q=100/dd/ddb907d052b6ec841878bd2a6456a890b47327e3.jpg
https://s9.kh1.co/__image/w=500,h=324,q=100/b7/b74898dc47fa0b83b9db4e0c1b7aca387abaf294.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T