စစ်မှန်တဲ့ ချစ်ခြင်းတရားရဲ့ အဓိပ္ပာယ်ကို လူတိုင်းသိအောင် ပြသနိုင်ခဲ့ပြီး လေးစားအားကျစရာကောင်းတဲ့ ထိုင်းနိုင်ငံက ဇနီးမောင်နှံ

//s9.kh1.co/f0/f0793f6d4f9b85b241e5c63ec85cd441ec7369cb.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ့်အပေါ် တကယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့သူဆိုတာ ကိုယ့်ရဲ့ အားနည်းချက် ၊ချို့ယွင်းချက်မှန်သမျှ ကို နားလည်သည်းခံပြီး လက်တွဲပေးတဲ့သူမျိုးပါ။ အဲ့ဒီလိုပဲ ထိုင်းနိုင်ငံ မှာလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ လူအများ စံထား လေးစားအားကြရတဲ့ ဇနီးမောင်နှံလေး ရှိပါတယ်။

https://s9.kh1.co/__image/w=526,h=701,q=100/ba/ba9c07305e563a9b13e544c7fcd1cd16b6cf44a4.jpg
https://s9.kh1.co/__image/w=600,h=900,q=100/d2/d27dc8ca3d3d8705e7a649d80c9a7576b20b68ae.jpg

ဒီဇနီးမောင်နှံဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ ပုံရိပ်လေးတွေ ပျံ့နှံ့လာရမှ လူအများက သူတို့နှစ်ယောက်ရဲ့ လေးစားအားကျစရာ ဘဝလေးကို သိရှိခဲ့ရတာပဲ ​ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အမျိုးသမီးဟာ ခြေထောက်နှစ်ဖက်မရှိပေမယ့် သူမကို ဂရုတစိုက်ကြင်ကြင်နာနာနဲ့ချစ်ခင်တဲ့ ခင်ပွန်းသည် ကိုပိုင်ဆိုင်ထားရသူပါ။

https://s9.kh1.co/__image/w=640,h=960,q=100/06/0633374e804d13bdd22350f0204f624764d94be7.jpg
https://s9.kh1.co/__image/w=320,h=480,q=100/ba/ba7d65e2f9990d106ea76d9761f0047c1c5d13b8.jpg

ဒါ့အပြင် သူမတို့ ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးအဖြစ် အားလုံးရဲ့ ချီးကျုးလေးစားမှုတွေကို ရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဇနီးသည်အပေါ် မငြိုငြင်ပဲ ဒီလိုမျိုးတန်ဖိုးထားချစ်ခင်တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့ စိတ်ထားကိုတော့ အတုယူသင့်ပါတယ်နော်။ ပရိသတ်တွေထဲ မှာရော ချစ်သူက ဒီလိုကိုယ်အင်္ဂါချို့ယွင်းမှုရှိနေခဲ့ရင် အနားက မထွက်သွားပဲ စွဲစွဲမြဲမြဲချစ်နိုင်တဲ့ သူတွေရှိကြတယ်မလား။

https://s9.kh1.co/__image/w=450,h=563,q=100/62/628c6edc5d530185eb022be3f4db94d9fef4a574.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T