သည်းထိတ်ရင်ဖိုဇာတ်ကွက်တွေနဲ့ ပရိသတ်တွေဆီတစ်ကျော့ပြန်လည်ရောက်ရှိလာတော့မယ့် Sweet Home Season 2

//s9.kh1.co/58/58308fb4e22340e4615811f58e500b92635fd546.jpg
ဖျော်ဖြေရေးများ

 ၀၉-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Webtoonကို အခြေခံရိုက်ကူးထားတဲ့ 'Sweet Home' ဆိုတဲ့ Netflixရဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲက အခုအခါမှာတော့ season 2ရိုက်ကူးတော့မယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးလိုက်ရတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ Green Houseဆိုတဲ့တိုက်ခန်းဟောင်းတစ်ခုမှာ ပြောင်းရွှေ့နေထိုင်ရင်းကနေ ထူးဆန်းစွာနဲ့ လူသားတွေကနေ မကောင်းဆိုးဝါး (Monster)တွေအဖြစ်ပြောင်းလဲတာနဲ့ တွေ့ကြုံရပါတော့တယ်။

Photo credit-Google
Photo credit-Google

မကောင်းဆိုးဝါးတွေကို တိုက်ခန်းနေသူတွေစုပေါင်းပြီး စွန့်စွန့်စားစားတိုက်ထုတ်ကြရင်း အသက်အန္တရာယ်နဲ့ကြုံရတဲ့အခါမှာ လူတွေပြုမူလေ့ရှိတဲ့ စရိုက်လက္ခဏာတွေနဲ့ လူသားဆန်မှုတွေကိုပါ ဒီဇာတ်လမ်းလေးမှာပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ Sweet Home season 1ဟာ IMDp  7.4ထိရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Season 1မှာဆိုရင် Song Kang,Lee Do-hyeon, Lee Jin-wook,Lee Si-young, Go Min-si, Go Yoon Jung, Park Gyu-young တို့ကအဓိကပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

Sweet Home season 2ကို ဒီဇင်ဘာလမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး 2022မှာထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ Season 1ရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Song Kang, Lee Jin-wook နဲ့ Lee Si-youngတို့ပြန်လည်ပါ၀င်လာမှာဖြစ်ပြီး season 1ရဲ့သရုပ်ဆောင်အတော်များများလည်း ပြန်လည်ပါ၀င်လာမယ်လို့သိရပါတယ်။ ပုံမှန်သမားရိုးကျကြည့်နေကျ အချစ်ဒရမ်မာကားလေးတွေထဲကနေ ခွဲထွက်ပြီး သည်းထိတ်ရင်ဖိုအပြည့်နဲ့ကြည့်ရတဲ့ Sweet Homeဇာတ်လမ်းတွဲလေးရဲ့ season 1ကို မကြည့်ရသေးရင် ကြည့်လိုက်ကြဖို့ကိုလည်း အကြံပြုပေးလိုက်ပါတယ်နော်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T