လူသားခန္ဓာကိုယ်ကနေ ရေသူထီးခန္ဓာကိုယ်အဖြစ် ပြောင်းလဲခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း

//s9.kh1.co/1c/1c2b7bf97b362fcfc8a60ad29c35f1a34b0d320d.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား ခရစ်စတီယံ ဟာဆိုရင် ငယ်ငယ်လေးကတည်းက ရေသူမတွေလို ဘဝကိုရရှိပိုင်ဆိုင်ချင်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယခုအချိန်မှာဆိုရင်တော့ အသက် 20 ကျော်အရွယ် ရှိပြီဖြစ်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ ခရစ်စတီယံ ဟာဆိုရင် သူရဲ့ငယ်စဉ်ထဲက မက်ခဲ့ရတဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ရေသူထီးတစ်ယောက်ရဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် သူ့ရဲ့ဘဝကိုပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=752,q=100/9d/9d41d374a7240237cfcee185cf523eb2c9b315fc.jpg
https://s9.kh1.co/__image/w=600,h=763,q=100/62/62a96f45ec044278a49700c4076cc6d2d546b9be.jpg

အဲ့တာကြောင့်ပဲ ခရစ်စတီယံဟာ သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ရေသူမတွေရဲ့အမှီး ပုံစံပြောင်းလဲခဲ့ပါတယ်။ အဲ့အမှီးကတော့ ဒေါ်လာ 1581 ကျပ် ကုန်ကျခဲ့တာဖြစ်ပြီး ရေအောက်မှာ ရေသူထီးတစ်ယောက်လို လှုပ်ရှားရန်အတွက် အဆင်ပြေလှတယ်လို့သိရပါတယ်။ အမှီးကိုတော့ မလိုအပ်တဲ့အချိန်မှာ ချွတ်ထားနိုင်‌ေပမယ့် ခရစ်စတီယံကတော့ ရေချိုးတဲ့အချိန် ထမင်းစားတဲ့အချိန်မှာတောင်မှ အမှီးကိုချွတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=600,h=776,q=100/ba/bab0808504f600af67798c19a072e212e3eb5816.jpg
https://s9.kh1.co/__image/w=600,h=770,q=100/14/14ce6be3c304d58bb8d09d170467402bb6ed9bf4.jpg

သူဟာ ထိုအမှီးကိုအသုံးပြုကာ သမုဒ္ဒရာတွေထဲမှာသာမက ရေကူးကန်တွေ ရေချိုးကန်တွေထဲမှာပါ အမြဲကူးခတ်နေတာကြောင့် လူအများကသတိထားမိလာခဲ့ကြပြီး အခုဆိုရင်တော့ ခရစ်စတီယံဟာ ကမ္ဘာ့အလယ်မှာ လူစိတ်ဝင်စားခံရဆုံး Merman Chris အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူရဲ့ ရူးသွပ်မှုတစ်ခုကြောင့် လူအများစုရဲ့ စနောက်လှောင်ပြောင်ခံခဲ့ရတဲ့ ခရစ်ဟာ " ကျွန်တော့် အနေနဲ့ အနုတ်သဘာဆောင်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခေါင်းထဲမထားခဲ့ပါဘူး ကျွန်တော် အမြဲတမ်းတွေးနေတာက ကျွန်တော် ပျော်ရွှင်မှုကို ဘယ်လိုရှာရမလဲ ၊ ကျွန်တော် ချစ်တဲ့ ဘဝကို ဘယ်လိုသွားရမလဲ ဆိုတာဘဲ အမြဲတွေးနေခဲ့တာပါ.... ကျွန်တော် အရမ်းလိုချင်တဲ့ ရေထဲမှာ ငါးလေးတစ်ကောင်လို ကူးခတ်နိုင်တဲ့ဘဝကို အခုရရှိနေပြီဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေပါတယ်" လို့ဖွင့်ဟထားပါတယ်။

https://s9.kh1.co/__image/w=600,h=594,q=100/ab/ab79856b5def8e2078fafa98a5fd0161dcf8a6a3.jpg
https://s9.kh1.co/__image/w=600,h=602,q=100/2e/2e39fc4a38968fccfbc137e3e8dcab346a6c21e2.jpg

သတင်း အရင်းအမြစ်Bright side

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T