မိကုိယ်တိုင်တီထွင် ရှာဖွေတွေ့ရှိခဲ့သော အရာတွေကြောင့်ပဲ သေဆုံးခဲ့ရတဲ့ နိုဘယ်နှစ်ဆုရပညာရှင်နှင့် တခြားသိပ္ပံပညာရှင်များ

//s9.kh1.co/16/16fac032c5aed26317247befdda1311776a3528f.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပညာရှင်တွေအနေနဲ့ တီထွင်ပြီးတော့ အောင်မြင်သွားတဲ့ အရာတွေလဲရှိသလို မအောင်မြင်ပဲ ကျရှုံးခဲ့ရတဲ့ တီထွင်မှုတွေလဲ ရှိပါတယ်။ ဒါပေမဲ့ခုဖော်ပြမှာကတော့ ကိုယ်ထွင်လိုက်တဲ့အရာတွေကြောင့်ပဲ သေဆံုးခဲ့ရတဲ့ ပညာရှင်တွေပဲ ဖြစ်ကြပါတယ်။

Henry Winstanley

https://s9.kh1.co/__image/w=600,h=424,q=100/45/455769ff2cca6a5d0b7756f309d1c6cbc57c56a2.jpg

ပထမဆုံးတစ်ယောက်ကတော့ Henry Winstanley ပဲဖြစ်ကာ သူ့ကို မီးပြတိုက် တီထွင်တဲ့သူတစ်ယောက်အနေနဲ့ သိရှိကြပါတယ်။ သူက အဲ့မီးပြတိုက်ထဲမှာနေရင် မုန်းတိုင်းဒဏ်ကိုခံနိုင်တယ်လို့ အယုံကြည်လွန်ကဲပြီး နေလိုက်ရာ မအောင်မြင်ခဲ့ပဲ မီးပြတိုက်ပိပြီး သေဆုံးခဲ့ပါတယ်။

Isma'il ibn Hammad al-Jawhari

https://s9.kh1.co/__image/w=600,h=314,q=100/81/8129b02760ccada995629546c182f4991b7a1b00.jpg

Isma'il ibn Hammad al-Jawhari ဆိုတဲ့သူကတော့ အီရန်ပညာရှင်တစ်ယောက်ဖြစ်ကာ အဘိဓာန်ပြုစုသူ တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ပျံသန်းဖို့အတွက် စိတ်ကူးမိပြီး သစ်သားအတောင်ပံကိုထွင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပျံသန်းလိုက်ရာ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။

Wan Hu

https://s9.kh1.co/__image/w=600,h=849,q=100/03/0348c099e4e4302e47fb38f07932af61b9f0c036.jpg

Wan Hu ကတော့ လပေါ်ကိုခရီးသွားချင်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်သူဟာ ခုံတစ်ခုံမှာ မီးရှူးအခု ၄၇ခုပါတဲ့ ခုံးကိုတီထွင်လိုက်ပါတယ်။ အဲ့နောက်မှ မီးရှူးကိုမီးညှိလိုက်ရာ သူအနေနဲ့ ခဏပျံခဲ့ပြီးနောက်မှာ မီးရှူးတွေပေါက်ကွဲကာ သေဆံုးခဲ့ပါတယ်။

Valerian Abakovsky

https://s9.kh1.co/__image/w=600,h=300,q=100/3e/3e1b86f72bfef3bc2491818090e78ca6e24a3d62.jpg

Valerian Abakovsky ကတော့ Russia က အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Aerowagon ရထားအင်ဂျင်ကိုတီထွင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအင်ဂျင်ဟာ လေယာဉ်အင်ဂျင်နဲ့ အစိတ်အပိုင်း တော်တော်များများတူညီပါတယ်။ စမ်းသပ်မောင်းနှင်ကြည့်ရာ အသွားလမ်းမှာ အဆင်ပြေခဲ့ပေမယ့် အပြန်လမ်းမှာ သူနဲ့အတူ လူငါးယောက် သေဆုံးခဲ့ပါတယ်။

Perillos of Athens

https://s9.kh1.co/__image/w=600,h=474,q=100/ea/ea497b07025b59c55bdc074e218b6c93b8599505.jpg

Perillos of Athens လို့ဆိုရတဲ့သူတစ်ယောက်က ပုံမှာတွေတဲ့အတိုင်း နွားပုံစံအရာထဲမှာ လူကိုထည့်ပြီး အောက်ကနေအပူပေးသတ်တဲ့ဟာကို တီထွင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူအနေနဲ့အဲ့ဒီအရာကို ဘုရင်ကိုပေးချင်ခဲ့ပေမယ့် ဘုရင်က အဲ့ဒီဟာနဲ့ပတ်သတ်ပြီး ဒေါသထွက်မိခဲ့ပါတယ်။ ဒါကြောင့် သူကိုယ်တိုင် အထဲဝင်ပြီး သူတီထွင်တာမှန်ကန်ကြောင်းသက်သေပြကာ သေဆံုးခဲ့ပါတယ်။

Marie Curie

https://s9.kh1.co/__image/w=600,h=791,q=100/f8/f889673ab5a42f08625f37ebe213f62d976656f0.jpg

Nobel နှစ်ဆုရ ဆုရှင်ဖြစ်သူ Marie Curie က Physic နဲ့ Chemistry ဘက်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ရေဒီယို သတ္တုကြွတာနဲ့ ပတ်သတ်ပြီးလူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လားဆိုပြီး လေ့လာခဲ့ရာ ဇူလိုင်လ ၄ရက် ၁၉၃၄ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူမသေရတဲ့အကြောင်းအရင်းကလဲ အဲ့ဒီ ရေဒီယိုသတ္တုကြွမှုကြောင့်ပါပဲ။

Thomas Midgley Jr

https://s9.kh1.co/__image/w=600,h=480,q=100/18/1876784793cf11384d8463cc31f75ebbae77c3ff.jpg

Thomas Midgley Jr ဆိုတဲ့သူက Chemistry မှာကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ Freon Gas ကိုတွေ့ရှိခဲ့တဲ့ပညာရှင်ဖြစ်ပါတယ်။ သူဟာဂုဏ်ယူစွာနဲ့ အဲ့ဒီ Gas ကိုထိပြကာ Safe ဖြစ်ကြောင့် သက်သေပြခဲ့ပေမယ့် မကြာပါဘူး အဲ့လိုကိုင်တာက သူရဲ့သေဆုံးခြင်းနေ့ဆိကို ချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T