ကိုယ့်ထက်အသက်တစ်၀က်ငယ်သူနဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရရှိခဲ့တဲ့ အသက်၉၀နီးပါး အဖိုးအိုးတစ်ဦး

//s9.kh1.co/88/88118f87992306cea16075bab52f0bd819c6c5e5.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမယ့်အကြောင်းကတော့ စပိန်နိုင်ငံက "Julio Iglesias" အမည်ရှိတဲ့ အဘိုးအိုအကြောင်းပဲဖြစ်ပါတယ်။ အဘိုးအိုဟာ ၂၀၀၅ ခုနှစ် အသက် ၉၀အရွယ်မှာ ဖခင်တစ်ယောက် ဖြစ်လာတာကြောင့် အံ့ြသဖွယ်ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ ထင်ရှားတဲ့ "Iglesias" မိသားစုဝင် အဆိုတော်များရဲ့ ဖခင်ဖြစ်ပြီး သားဖြစ်သူ Julio Iglesias နှင့် မြေးနှစ်ယောက်ဟာလည်း ထင်ရှားတဲ့ အဆိုတော်‌ေတွ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/fd/fd0f005a5a00b6acdda7ebfa66723df2ce8c55fe.jpg
https://s9.kh1.co/__image/w=600,h=800,q=100/f9/f9cc84eacc935f7bde7042f876efd688695aba7a.jpg

Julioဟာ အဆိုတော် တစ်ဦးတင်မဟုတ်ပဲ စပိန်နိုင်ငံမှာ မီးယပ်ရောဂါ ပါရဂူတစ်‌ေယာက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဒရစ်မြို့၊ မိခင်နှင့် ကလေးဆေးခန်းကို ထူထောင်ဖို့ ကူညီခဲ့ပါသေးတယ်။ သားသမီးမရနိုင်သူများ၊ မြုံနေသူများနှင့် မိသားစု စီမံကိန်းရေးရာဌာန အကြီးအကဲအဖြစ်လည်း ထမ်းဆောင်ခဲ့တဲ့သူ တစ်ယောက်ပါ။ သူဟာ ပထမအိမ်ထောင်နှင့် သားနှစ်ဦးရရှိခဲ့ပြီး ၁၉၈၃ မှာ ဇနီးသည်နဲ့ ကွာရှင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=761,q=100/a5/a56a33cad1101b81289fe04bfeb09bf23a7c8aec.jpg
https://s9.kh1.co/__image/w=468,h=380,q=100/6a/6adce37faf2144a969c31a3d70fd5933b82495cf.jpg

၁၉၉၀ ပြည့်နှစ်မှာ မိမိအသက်အောက် တစ်ဝက်ငယ်တဲ့ အမေရိကန်သူ Keith နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အဲ့အချိန်မှာ Julio Iglesias က ၈၈ နှစ် နဲ့ Keith က အသက် ၄၀ ပဲဖြစ်ပါတယ်။ နောက်တစ်နှစ်ကျော်အကြာမှာတော့ Keithဟာ ကိုယ်ဝန် ထပ်မံရရှိခဲ့ကာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ Julio Iglesias ဟာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ခုနစ်လ အကြာမှာ Keith ဟာ မိန်းကလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ Julio Iglesias ဟာဆိုရင် ကမ္ဘာကျော်အဆိုတော် Enrique Iglesias ရဲ့အဖိုးဖြစ်သူလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=321,h=380,q=100/7d/7d39eac9c1501dd9bfecf6310adf0697774953e2.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T