အတိတ်ဘ၀ကဖြစ်ရပ်များကို တစ်ခုမကျန်မှတ်မိခဲ့တဲ့ အိန္ဒိယက လူ၀င်စား ကလေးမလေး တစ်ယောက်အကြောင်း

//s9.kh1.co/1f/1f441de2aa1307e8b3c1ad477c2b91d90e66974a.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား ကြက်သီးထဖွယ် အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်တဲ့ လူဝင်စားကလေးမလေး အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်မှာ အသက်လေးနှစ်သာ ရှိသေးတဲ့ (Shanti Deva) ရှန်တီဒေ၀ အမည်ရှိ ကလေးမလေးဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ နေထိုင်ခဲ့တုန်းက သူ့ရဲ့မိဘများကို ထူးဆန်းတဲ့ အကြောင်းအရာတွေ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=250,h=282,q=100/e9/e948b43556e8d90672fc88b98ede88d1b3d2dead.jpg
https://s9.kh1.co/__image/w=600,h=699,q=100/95/9512c987f639f2d5d3ab9219d08497a0298121d7.jpg

တစ်ချိန်က သူမဟာ မတ်တြာ (ယခု မသူရာ) ဟု ခေါ်သော နေရာမှာ နေထိုင်ခဲ့သူဖြစ်ပြီး ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်ကြောင်း၊ ကလေးမီးဖွားစဉ် သေဆုံးခဲ့ ကြောင်း၊ ထိုစဉ်က သူ့အမည်မှာ လုဒ်ဂီ ဖြစ်ကြောင်း မိဘတွေကိုပြောပြခဲ့ပေမယ့် မိဘတွေအနေနဲ့ နားမလည်နိုင်ခဲ့ပါဘူး။ ရှန်တီဒေဝဟာ ထိုအကြောင်းများကို မကြာခဏပြောနေသဖြင့် မိဘများက သူတို့သမီးပြောနေတဲ့ အကြောင်းအရာများကို စုံစမ်းခဲ့ရာ မတ်တြာ အမည်ရှိသော ရွာတွင် လုဒ်ဂီ အမည်ရှိ အမျိုးသမီးတစ်ဦးရှိခဲ့ပြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=171,h=225,q=100/fd/fd9ab9aa20667dd8a001a33fd3824eb6fbb03285.jpg

ရှန်တီဒေဝရဲ့ မိဘများဟာလည်း သမီးဖြစ်သူအား အဲ့ရွာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ရောက်ရှိချိန်မှာ ရှန်တီဒေဝဟာ ဒေသတွင်း သုံးနှုန်းနေသော ဘာသာစကားများဖြင့် ပြောဆိုကာ အတိတ်ဘဝက ခင်ပွန်းဟောင်းနှင့်သားသမီးများကို မှတ်မိနေကြောင်း ထူးဆန်းစွာ မြင်တွေ့ခဲ့ကြပါတယ်။ ပိုပြီး ထူးဆန်းတာက ကွယ်လွန်ခဲ့သူ လုဒ်ဂီ အသက်ရှင်သန်ခဲ့စဉ်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ် ၂၄ ခုကို မှန်ကန်တိကျစွာ ပြန်ပြောနိုင်တာပဲ ဖြစ်ပါတယ်။ လေးနှစ်အရွယ် လူဝင်စားတစ်ဦးရဲ့ ဖြစ်ရပ်ကို အားလုံးက အံ့မခန်း စွမ်းဆောင်မှုတစ်ရပ်အဖြစ် မြင်တွေ့ခဲ့ကြရပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/57/57a633aec908fcccaaa08741d7feb2a2a52a9673.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T