မြေအောက်ကမ္ဘာကနေ ထူးထူးဆန်းဆန်းရောက်ရှိလာကြတဲ့ အစိမ်းရောင်မောင်နှမ နှစ်ယောက်အကြောင်း

//s9.kh1.co/45/45560cb6aa39ae8dc6290319dfac3acd2fc5d8a4.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ အမွှာကိစ္စတွေ မောင်နှမကိစ္စတွေ စသဖြင့် ကလေးကိစ္စ တော်တော် များစွာရှိပါတယ်။ အဲ့လိုကိစ္စများစွာထဲကမှ တစ်ခုဖြစ်တဲ့ "အစိမ်းရောင် မောင်နှမ နှစ်ယောက်" အကြောင်းကို ခုချိန်မှာ ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/2c/2ca5bf90645ac0d8b4f8188b360171df928f797d.jpg
https://s9.kh1.co/__image/w=600,h=253,q=100/aa/aae646828b06432d4d86c53c3a10a7869d14bdab.jpg

ဒီကိစ္စဟာ ဖြစ်ပွားခဲ့တာ ကြာလှပါပြီ။ ဒါပေမယ့် မှတ်တမ်းမှတ်ရာတွေ ကျန်ရှိနေခဲ့တာကြောင့် ယနေ့ချိန်မှာ ပြန်လည်ဖော်ပြလို့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စလေးကတော့ အင်္ဂလန်နိုင်ငံ "Suffolk" မှာ အစိမ်းရောင် အရေပြားရှိတဲ့ မောင်နှမ နှစ်ယောက် ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီမောင်နှမ နှစ်ယောက်ဟာ ပဲတစ်မျိုးထဲ စားတာဖြစ်ပြီး တွေ့မြင်သမျှ အရာရာဟာ သူတို့အတွက် အရမ်းထူးဆန်းနေတဲ့ပုံ ပေါက်တယ်လို့ တွေ့ခဲ့ဖူးကြတဲ့သူတွေက ပြောပြခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/19/193240f86ba5c0ccb6da03f11c0c852cf2005157.jpg

သူတို့မောင်နှမဟာ အင်္ဂလိပ်စကားကို ကြိုးစားသင်ယူပြီး လူတွေနဲ့အနေကြာလာတဲ့အခါမှာတော့ ပဲအပြင်အခြား အစားအစာတွေကိုပါ စားတတ်လာပါတယ်။ အချိန်ကြာလာတော့ လူတွေက သူတို့မောင်နှမကို ဘယ်နေရာမှာ နေလဲလို့ မေးတဲ့အခါမှာ "St Martin's Land" ဆိုပြီး မြေကြီးထဲကို လက်ညှိုးညွှန်ပြခဲ့ပါတယ်။ အဲ့အပြင် သူတို့ဟာ နေရောင်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ လူတွေအနေနဲ့လည်း "St Martin's Land" ဆိုတာ မြေကြီး အောက်က မြို့တော်လို့ လူတွေက ယူဆကြပါတယ်။ အချိန်တွေ သိပ်မကြာခင်မှာဘဲ အကိုဖြစ်သူ အစိမ်းရောင် လူသားလေး သေဆုံးသွားခဲ့ပြီး နောက်မှာတော့ ညီမဖြစ်သူပါ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ ကိစ္စကိုတော့ လူတွေက တကယ် အဖြစ်အပျက်လို့သတ်မှတ်ကြသလို တချို့က ဒဏ္ဍာရီ ပုံပြင်တစ်ခုလို့ပဲ လူတွေကသတ်မှတ်ကြပါတယ်။

https://s9.kh1.co/__image/w=480,h=360,q=100/63/63ed84e2e708e17ab8b90d42eeda3001367a428d.jpg
https://s9.kh1.co/__image/w=650,h=479,q=100/fe/febda4082600744128ec5d4f6740892e9cbfbd6b.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T