ဒရုန်း ၅၄ စီးနဲ့ ကိုယ်ပိုင် ရဟတ်ယာဉ် တီထွင်ခဲ့တဲ့ လူသားရဲ့ Video

//s9.kh1.co/52/52908d442c85650903a03a7261b3f9d6f8605a25.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာဆိုရင် ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်နဲ့ ကိုယ်ပိုင်တီထွင်တက်ကြတဲ့ သူတော်တော်များများရှိကြပါတယ်။ အဲ့လိုမျိုး တီထွင်ဖို့ဆိုတာကလည်း မလွယ်ကူးဘူးဆိုတာ ကိုယ်ကိုတိုင် တီထွင်ဖူးတဲ့သူ‌ေတွ သိရှိကြမှာပါ။ လူသား‌ေတွအနေနဲ့ တီထွင်မှုတွေကတော့ စက်ရုပ်လေးတွေ လေယာဉ်ပျံအသေးစားတွေ စသဖြင့် အမျိုးမျိုးရှိပါတယ်။

https://s9.kh1.co/__image/w=600,h=321,q=100/b5/b5916f25a6a709ef92d9e12a7ccfb3be11702e16.jpg

ခုဆိုရင်လည်း လူတစ်ယောက်ဟာ ဒရုန်းတွေကို အသုံးပြုပြီး ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးကို တီထွင်နိုင်ခဲ့ပါတယ်။ ခုရဟတ်ယာဥ်အတွက် သူဟာ ဒရုန်း ၅၄ စီး နဲ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တော်တော်လေးကို ဉာဏ်ပြေးတဲ့သူတစ်ယောက်လုိ့ ပြောရမှာပါပဲ။ သူကတော့ ဗြိတိန်လူမျိုးတစ်ယောက်ဖြစ်ပြီး သူရဲ့ယာဉ်နာမည်ကို 'The Swarm' ဆိုပြီးပေးထားပါ‌ေသးတယ်။ ဘာလို့လည်းဆိုတော့ ယာဉ်ကနေထွက်တဲ့ အသံတွေက ပျားတွေရဲ့အသံလို ထွက်တာကြောင့်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/59/595f0f7c7017440b2f8d46b63e768a5e6a166c1f.jpg
https://s9.kh1.co/__image/w=600,h=323,q=100/9d/9d29ef08538858231299c11be1a74edec90ad27c.jpg

အဲ့ဒီယာဉ်ဟာဆိုရင် အလေးချိန် ၃၂၆ပေါင် သယ်နိုင်ပြီး ၁၀မိနစ်ထိ သွားလာနိုင်ပါတယ်။ အမြင့်ပေကတော့ မြေပြင်ကနေ ၁၅ပေလောက်ပဲ ကွာပါတယ်။ ဒါပေမယ့်လည်း သူရဲ့အမြင့်ပေက ဘယ်လောက်လဲဆိုတာတော့ မသေချာပါဘူး။ ဘာပဲဖြစ်ဖြစ် သူရဲ့တီထွင်မှုကတော့ လေးစားစရာ‌ေကာင်းတာမို့ ပရိသတ်ကြီးအတွက် Video ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T