တကယ့်လက်တွေ့ကမ္ဘာက လျှပ်စစ်လူသားလို့ နာမည်ကြီးနေတဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက် အကြောင်း

//s9.kh1.co/13/137c841372e25ff143b4515d887ec200bcde8dad.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်ကြည့်တဲ့အခါ သဘာဝလွန်စွမ်းအားတွေရှိတဲ့ ဟီးရိုးတွေကို ပရိသတ်တွေ တွေ့ဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့အပြင်လောကမှာလည်း ယခုလိုထူးခြားပြီး သာမန်မဟုတ်တဲ့လူသားတွေလည်း တကယ်ရှိပါတယ်။ ဒီတစ်ခါပရိသတ်ကြီးကို ဗဟုသုတအနေနဲ့ဖော်ပြပေးမှာကတော့ လျှပ်စစ်လူသားလို့နာမည်ကြီးနေတဲ့ အိန္ဒိယလူမျိုး ရာ့ဂျ်မိုဟန်အကြောင်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/1a/1ab62199445f31ba946388933765972748ac7f13.jpg
https://s9.kh1.co/__image/w=600,h=358,q=100/3a/3a826b4fcb9885a750121771e8bb26899cba8708.jpg

ရာ့ဂျ်မိုဟန်ဆိုတဲ့သူဟာ သာမန်လူတစ်ယောက်တောင် သေစေနိုင်တဲ့ လျှပ်စစ်ကို သူရဲ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းစီးဆင်းတာခံနိုင်တယ်လို့ နာမည်ကြီးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သာမန်လူတစ်ယောက်အတွက်တော့ နှလုံးသွေးရပ်တန့်စေနိုင်ခြင်း၊ အရေပြားလောင်ကျွမ်းစေနိုင်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်နိုင်ပေမယ့်လည်း ရာ့ဂျ်မိုဟန်ကတော့ အဆိုပါ စမ်းသပ်မှုမျိုးကို ၁၆ကြိမ်တိုင်တိုင် သရုပ်ပြခဲ့ပါတယ်။ အခုလို အသက်အန္တရာယ်ရှိလောက်တဲ့ စမ်းသပ်မှုမျိုးတွေလုပ်ပြခဲ့‌ေပမယ့်လည်း ရာ့ဂျ်မိုဟန်ဟာ အနာတရ နည်းနည်းလေးတောင်မဖြစ်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=600,h=414,q=100/b5/b5a6e3419e62b5160b6b12a0306384189dd36316.jpg
https://s9.kh1.co/__image/w=600,h=345,q=100/12/12708bf1a57d6329d951a1c48906c7aafba13d38.jpg

သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်မှုတွေအရတော့ ရာ့ဂျ်မိုဟန်ရဲ့ခန္ဓာကိုယ်ဟာ သာမန်မဟုတ်ပဲ လျှပ်စစ်စီးဆင်းမှုကိုခံနိုင်တဲ့ စွမ်းအားရှိနေတာကို ထူးဆန်းစွာ တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း ရာ့ဂျ်မိုဟန်ရဲ့ ခန္ဓာကိုယ်ဟာ မည်သည့်အကြောင်းကြောင့် ယခုလိုလျှပ်စစ်စီးဆင်းနိုင်မှုခံနိုင်ရလဲဆိုတာ မည်သူမျှတိတိကျကျအဖြေမထုတ်နိုင်ကြသေးပါဘူး။

https://s9.kh1.co/__image/w=600,h=450,q=100/c9/c90fd3c6c28cb302abe2174ca13be6d3ddc2d799.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T