တစ်နေ့ကို ဆေးလိပ်အလိပ် ၄၀ သောက်လေ့ရှိတဲ့ အင်ဒိုန‌ီးရှားက ကလေးငယ် တစ်ယောက်အကြောင်း

//s9.kh1.co/00/005637ce6873fd39949dbb932efac07463f4cc93.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဆေးလိပ်သောက်တယ်ဆိုတာဟာ ကောင်းတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ တကယ်လို့ သောက်ချင်လို့ ကြိုက်လို့ သောက်တယ်ဆိုရင်တောင် အများစုက ၁၈နှစ်ကျော်ပြီးသား လူတွေသာ အသောက်များပါတယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းပြချက်တွေအားလုံးနဲ့ ဆန့်ကျင်ပြီးတော့ ထူးထူးခြားခြား ဆေးလိပ်သောက်တဲ့ကလေးတစ်ယောက် ရှိနေပါတယ်။ သောက်တာမှ တစ်နေ့ကို ဆေးလိပ် အလိပ်(၄၀)နှုန်းကိုသောက်တဲ့ကလေးပါ။

https://s9.kh1.co/__image/w=600,h=483,q=100/e7/e7462c24e1f438b0d2b384a7e8e5fabf152269b0.jpeg

နာမည်ကတော့ အယ်လ်ဒီရစ်ဇယ်လ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားမှာရှိတဲ့ ရွာလေးမှာနေထိုင်ပါတယ်။ တစ်ကမ္ဘာလုံးကလူတွေကတေ့ာ အယ်လ်ဒီကို " Indonesia's Smoking Baby"လို့အသိများပါတယ်။ သူကဘာမို့လို့ အဲ့လောက်တောင်နာမည်ကြီးတာလဲဆိုတော့ အယ်လ်ဒီ ဟာအရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်ဖြစ်နေလို့ပါ။ သူဆေးလိပ်စသောက်တဲ့အချိန်ဟာ (၁၈)လသားအရွယ်ပဲရှိသေးပြီး လမ်းတောင်မလျှောက်တတ်သေးပါဘူးတဲ့။

https://s9.kh1.co/__image/w=600,h=428,q=100/52/52363a74d9f9d6084a7027231d700daa61fd4698.jpeg
https://s9.kh1.co/__image/w=600,h=437,q=100/f3/f32b57f1c65d2df614eb65ee512e49f9cf710e72.jpeg

တစ်နေ့ကိုပျမ်းမျှအားဖြင့်တောင် အလိပ်(၄၀)လောက် သောက်တာကြောင့် ကြာလာရင် အယ်လ်ဒီရဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လည်ချောင်း အဆုတ် စတဲ့အစိတ်အပိုင်းတွေကို အခြားအရာတွေနဲ့ အစားထိုးပြီးဖြတ်ပစ်ခဲ့ပါတယ်။ နောက်ဆုံး အယ်လ်ဒီလေးဟာ ဆေးလိပ်ပြတ်သွားခဲ့ပေမယ့် လမ်းဘေးက သရေစာတွေကို စွဲနေခဲ့ပါတယ်။ ဒီကြားထဲမှာ ဆေးရွက်ကြီးကိုလည်း စွဲသွားခဲ့ပါသေးတယ်လို့ ပြောကြပါသေးတယ်။

https://s9.kh1.co/__image/w=600,h=834,q=100/43/43a64f82713a899f05b10815f127e182ffff72a3.jpeg

သတင်း အရင်းအမြစ်Daily mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T