အာဏာရှင်လူတစ်စုကို ချေမှုန်းခဲ့စဉ်က တိုက်ပွဲမှတ်တမ်း တစ်ချို့ကို ပြည်သူတွေအား ပြန်လည် ထုတ်ပြလာတဲ့ PDF တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/99/993185643b7ab28d786bd38adbd6e017d3097ad2.jpeg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

​မတည်ငြိမ်နိုင်သေးတဲ့ ခုလက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တွေ အများစုကတော့ သူတို့ရဲ့ ဘဝတွေကို စွန့်လွှတ်ပြီး လွတ်မြောက် နယ်မြေတွေထဲ သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ စစ်ပညာသင်ကြားလျက်ရှိပါတယ် ။ တစ်ချို့ တောင်တန်း ဒေသက PDF တွေဆိုရင် ကိုယ့်ဒေသနဲ့ လူမျိုးအတွက် အာဏာရှင် လူတစ်စုကို ပြန်လည် ခုခံတိုက်ခိုက်လျက် ရှိနေပါပြီ ။

Photo Credit : ဒီးမော့ဆို Generation Z Facebook Page
Photo Credit : ဒီးမော့ဆို Generation Z Facebook Page

ဒီလို တိုက်ခိုက်ကြရာမှာလည်း PDF တွေ အနေနဲ့လည်း များစွာ ပေးဆပ်မှုတွေရှိခဲ့ပါတယ် ။ သူတို့ဘက်လည်း ဒီလို တိုက်ပွဲတွေ မစခင် အချိန်များစွာပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရပါတယ် ။ ဒါ့အပြင် တိုက်ပွဲမှာ တွေ့ကြုံခဲ့ရတာတွေ ၊ အခက်အခဲတွေ ၊အောင်ပွဲတွေကိုလည်း ပြည်သူတွေ သိရှိပြီး စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်ကာ ဒီးမော့ဆိုက PDF တွေက တိုက်ပွဲ မှတ်တမ်း ဗီဒီယို တစ်ချို့ကို ဝေမျှလာပါတယ် ။

Photo Credit : ဒီးမော့ဆို Generation Z Facebook Page
Photo Credit : ဒီးမော့ဆို Generation Z Facebook Page

ဗီဒီယိုထဲမှာ တစ်ဖက်အာဏာရှင် လူတစ်စုဘက်က ရဟတ်ယာဉ်တွေအသုံးပြုကာ တိုက်ခိုက်ခဲ့တာတွေကိုလည်း တွေ့မြင်ရမှာပါ ။ PDF တွေ အနေနဲ့လည်း သူတို့ရဲ့အသက်တွေ ဆုံးရှုံးမှာကို မထည့်တွက်ဘဲ ရဲရဲဝင့်ဝင့် ရှေ့ဆုံးက ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ် ။ ပရိသတ်ကြီး အတွက် ဒီးမော့ဆိုက PDF တွေရဲ့ တိုက်ပွဲ မှတ်တမ်း တစ်ချို့ကို ပြန်လည်ဖော်ပြပေးရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T