ယနေ့မနက် ၄နာရီမှစတင်ကာ အောက်ဆီဂျင်လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ နွယ်အေးဗလီအဖွဲ့သားများ

//s9.kh1.co/0e/0e742d0347ced878d0aa31fc32ae52a1b185ed99.jpg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေကြောင့် တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာတဲ့ ကိုဗစ် Third waveရဲ့ ဒဏ်ကိုမြန်မာပြည်သူတွေအနေနဲ့ အလူးအလဲခံစားနေကြရပါတယ်။ အရင်လို ကုသရေးစင်တာတွေမရှိတော့တဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ မလုံလောက်မှုတွေကြောင့် အသက်ဆုံးရှုံးနေရတဲ့ ကိုဗစ်လူနာတွေများစွာလည်းရှိလာနေပါတယ်။ ဆေးရုံတွေမှာဆိုရင်လည်း ကုတင်တွေမလောက်ငှတော့တဲ့အထိဖြစ်နေပြီး ပိုးတွေ့လူနာတွေကိုပါ အိမ်ပြန်ခိုင်းကြတဲ့အထိ အခြေအနေဆိုးရွားနေတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုချိန်ကာလမှာ အောက်ဆီဂျင်အိုးရရှိရန် ခက်ခဲနေကြပြီး ငွေရှိသော်လည်း အောက်ဆီဂျင်ရရှိဖို့ခက်ခဲနေကြရတဲ့ အခြေအနေနဲ့မြန်မာပြည်သူတွေကြုံတွေ့နေကြရပါတယ်။ လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်တောင်းခံနေရတဲ့ပို့စ်တွေ ဆက်တိုက်တက်နေပြီး အောက်ဆီဂျင်စက်ရုံတွေနဲ့ အောက်ဆီဂျင်ဖြည့်ပေးကြတဲ့ ပရဟိတအဖွဲ့အစည်းတွေမှာလည်း နေ့ရောညပါ လူတွေတန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုအရေး‌ပေါ်အခြေအနေတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ဒေါပုံနွယ်အေး ဗလီမှအဖွဲ့၀င်တွေက တတ်နိုင်သရွေ့အောက်ဆီဂျင်အိုးတွေဖြည့်ပေးကာ ကူညီပေးနေတာတွေ့ရပါတယ်။ ယနေ့ဇူလိုင်လ (၁၅)ရက်နေ့မှာဆိုရင်လည်း ဒေါပုံနွယ်အေးဗလီမှအဖွဲ့သားတွေဟာ မနက်လေးနာရီတည်းကစတင်ကာ အောက်ဆီဂျင်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။အခုလို လူမျိုး ဘာသာခွဲခြားမှုမရှိပဲ ပြည်သူချင်းကူညီစောင့်ရှောက်ပေးနေကြတဲ့ မြင်ကွင်းပုံရိပ်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ချက်ချင်းပျံ့နှံ့လာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Zaw Min Latt's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T