အာဏာရှင်လူတစ်စုကြောင့် အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မိုးရေထဲမြောပါသွားခဲ့ရတဲ့ ရင်နင့်စရာ ဖြစ်ရပ်

//s9.kh1.co/1a/1a60340a2cf4bf103d93037a004396c8c534d21c.jpeg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံမှာ Covid - 19 ရောဂါကြောင့် တစ်နေ့ တစ်နေ့ အောက်ဆီဂျင် လိုအပ်သူတွေ နေ့ရော ၊ ညရောပါပဲ ။ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာဆိုရင်လည်း အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြရသူတွေ မနည်းပါဘူး ။ လိုင်းပေါ်တောင် ဒီလောက်များနေရင် အပြင်မှာဆို ကိုယ်မသိနိုင်ဘဲ လိုအပ်နေတာတွေ ဘယ်လောက်တောင် ရှိနေလိုက်မလည်း ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာဆိုရင်လည်း ပြည်သူတွေ ခမျာ မျှော်လင့်ချက်တွေ အပြည့်နဲ့ မိုးမလင်းခင် ကတည်းက နေပူပူ မိုးရွာရွာ တန်းစီနေကြရပါတယ် ။ ဒီနေ့ဆိုရင်လည်း တောင်ဥက္ကလာစက်မှုဇုံ အောက်ဆီဂျင်စက်ရုံ အရှေ့မှာ ပြည်သူတွေ အောက်ဆီဂျင်အိုး ကိုယ်စီနဲ့ ရေတွေ ပြည့်လျှံနေတဲ့ လမ်းမပေါ်မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ် ။ မျှော်လင့်ချက်တွေ အပြည့်နဲ့ လာရောက်ယူဆောင်ကြပေမယ့် အာဏာရှင် လူတစ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ရက်အကန့်အသတ်မရှိ စက်ရုံပိတ်လိုက်ရလို့ ပြည်သူတွေ ခမျာ အောက်ဆီဂျင်မရဘဲ ဝမ်းနည်းကြေကွဲစွာ အားလျော့ခဲ့ကြရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို အခြေအနေတွေမှာ လူ့ အသက်တစ်ချောင်းတင် မဟုတ်ဘဲ လူများစွာရဲ့ အသက်တွေကို ဆုံးရှုံးနိုင်တာမို့ တကယ်ကို ရင်ကွဲစရာ မြင်ကွင်းတွေပါပဲ ။ လာရောက်တန်းစီနေကြတဲ့ မိသားစုတွေဆိုရင်လည်း ဘယ်လောက်တောင် ဒီလိုအချိန်မှာ ပူလောင်ကြရမလည်း ။ အောက်ဆီဂျင် အိုးလေးတွေ ရေထဲမှာ အစုလိုက် တန်းစီနေတဲ့ ပုံရိပ်တွေက တကယ် နာကျင်စရာပါပဲ ။ပရိသတ်ကြီးအတွက် တောင်ဥက္ကလာစက်မှုဇုံ အောက်ဆီဂျင်စက်ရုံ အရှေ့က လက်ရှိ အခြေအနေတွေကို ပြန်လည်ဝေမျှပေးရင်း ပြည်သူတွေလည်း ဒီအခက်အခဲတွေကို အမြန်ဆုံး ကျော်လွှားနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T