လူပေါင်း ၁၉၄ ယောက်ရဲ့အသက်ကို ကျည်ဆံတွေကြားမှာ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း ခိုမလေး

//s9.kh1.co/08/08318eaeb478fa3a3a32a058ed7c2f3769302ab6.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့သမိုင်းထဲမှာ သူရဲကောင်းတွေအများကြီးရှိတာကို ပရိသတ်ကြီးလည်းသိကြမှာပါ။ သူရဲကောင်းဆိုပေမယ့် လူမဟုတ်ပဲ ငှက်‌တစ်ကောင် ဖြစ်နေပါတယ်။ သူဟာ ပထမကမ္ဘာစစ်တုန်းက စာပို့တ‌ဲ့ ခိုမလေးတစ်ကောင်ဖြစ်ပါတယ်။ သူကယ်ခဲ့တဲ့ လူတွေကတော့ စစ်သား (၁၉၄)ယောက်ရဲ့ အသက်ကိုကယ်ခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=319,q=100/bb/bb879732e66d3ec5d314bf8594de0fb3bd722b42.jpg
https://s9.kh1.co/__image/w=600,h=302,q=100/99/994b7c6569c44d329480c1593a7fc5df52c3f118.jpg

(၁၉၁၈) ပထမကမ္ဘာစစ် အကြီးအကျယ်ဖြစ်နေတဲ့အချိန် အောက်တိုဘာလ(၃)ရက်နေ့မှာ ဗိုလ်ချုပ် Charles White Whittlesey အပါအဝင် သူရဲ့စစ်သား ၁၉၀ကျော်ခန့်ဟာ ရန်သူတွေရဲ့ထောင်ချောက်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ ဒါကြောင့်သူတို့သေချာလေ့ကျင့်ပေးထားတဲ့ စာပို့ခိုလေးနဲ့ ပင်မဋ္ဌာနချုပ်ကို ဆက်သွယ်ခဲ့ပါတယ်။ ရန်သူတွေကလည်း တွေ့တွေ့ချင်းပဲ စာပို့ခိုလေးကိုသေနတ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=345,q=100/8a/8a07f6794396f781e27d42597c5912910b527549.jpg
https://s9.kh1.co/__image/w=600,h=700,q=100/51/51ecce906a58fb1c7e675aae563efe2a8dd07c45.jpg

ဒါပေမယ့် ခိုလေးဟာ ပင်မဋ္ဌာနချုပ်ကို အရောက်သွားခဲ့ပြီး Whittleseyရဲ့စာကို အရောက်ပို့ကာ စစ်သား(၁၉၄) ယောက်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူပင်မဋ္ဌာနကိုရောက်တဲ့အချိန်မှာ သူ့မှာ မျက်လုံးတစ်ဖက်လည်းကွဲပြဲကာမမြင်ရတော့ဘဲ သွေးများလည်းရွှဲနေပါတော့တယ်။ ဒါ့အပြင်ခြေထောက်တစ်ဖက်လည်း ပြတ်နေခဲ့ပါပြီ။ အဲ့နောက် ခိုလေးသေဆုံး သွားတဲ့အချိန်မှာ သူ့ကိုခိုသူရဲကောင်းမလေးအဖြစ် မှတ်တမ်းတင်ကာ ဆုတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။ တာဝန်သိတတ်ပြီး သူရ သတ္တိနဲ့ပြည့်စုံတဲ့ ခိုမလေးကို World War 1ရဲ့ အမှတ်တံဆိပ်အနေနဲ့ ပုံတူရုပ်ထုလုပ်ပြီး ယနေ့တိုင် ပြသထားပါတယ်။

https://s9.kh1.co/__image/w=600,h=324,q=100/f8/f83b597bce80b37169ac050439ac3d9459d68e1c.jpg

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T