မုန့်တွေ လာရောက် လှူဒါန်းဝေမျှပေးလို့ အလုအယက် ယူရင်းပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/0c/0c74395917f20b7622beb60475dea5777c45cc08.jpeg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ ဒီကနေ့ အထိ ရှိနေဆဲပါ ။ ဒီထဲမှာ ကလေးငယ်လေးတွေလည်း များစွာ ပါဝင်နေပြီး သူတို့လေးတွေရဲ့ ရှေ့ဆက်မယ့် အနာဂတ်တွေ အတွက် နှမြောတသ ဖြစ်မိတာ အမှန်ပါပဲ ။ ကျောင်းစာသင်ရမယ့် အရွယ်လေးတွေမို့ ဒီလိုကာလတွေမှာ ကျောင်းမတက်နိုင်ပေမယ့်လည်း တောထဲမှာပဲ စာသင်နေကြတဲ့ သင်ယူချင်စိတ်ရှိပုံတွေကလည်း လေးစားစရာပါပဲ ။

Photo Credit : ရွှေပါရမီ ပညာဒါန - ထိုင်းနိုင်ငံ Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန - ထိုင်းနိုင်ငံ Facebook Page 

ကလေးငယ်လေးတွေ ဖြစ်လို့ ခုလို မိုးတွင်းကာလတွေမှာ ရေမသန့်ရှင်းမှုတွေကြောင့် ဝမ်းရောဂါတွေ ၊ အရေးပြား ရောဂါတွေလည်း ခံစားနေကြရတာကို တွေ့ရပါတယ် ။ ပြည်မက ပြည်သူတွေ ၊ ပရဟိတ အသင်းတွေကလည်း သူတို့လေးတွေ အတွက် အဓိကထားပြီး စားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ ၊ အဝတ်အထည်တွေ အင်တိုက် အားတိုက် လှူဒါန်းပို့ဆောင်ပေးနကြတာပါ ။

Photo Credit : ရွှေပါရမီ ပညာဒါန - ထိုင်းနိုင်ငံ Facebook Page 
Photo Credit : ရွှေပါရမီ ပညာဒါန - ထိုင်းနိုင်ငံ Facebook Page 

အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက စစ်ဘေးရှောင် ကလေးငယ်လေးတွေကို မုန့်ပဲသရေစာများ သွားရောက် လှူဒါန်းဝေမျှခဲ့ပါတယ် ။ မုန့်တွေကို အလုအယက် ယူကြပြီး ချက်ချင်းဖောက်စားကာ ပျော်ရွှင်နေကြတဲ့ ကလေးလေးတွေကို ကြည့်ပြီး ကိုယ်ပါ ပီတိဖြစ်မိပါတယ် ။ ပရိသတ်ကြီး အတွက် မုန့်တွေရလို့ ပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှပေးလိုက်ပါတယ် ။ 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T