ကမ္ဘာ‌ေပါ်မှာရှားပါးပြီး ကြက်တို့ရဲ့ဘုရင်အဖြစ် သိရှိကြတဲ့ အနက်ရောင်ကြက်အကြောင်း

//s9.kh1.co/9c/9cf7d5990feaa4e186de1e8a1cf930655eb3ccb1.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်က တစ်နေရာတည်းမှာပဲ ရှိပါတယ်။ အဲ့ဒီနေရာကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပြီး မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာလည်း ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ စျေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြရပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/aa/aa3ff2681c905f1ad226853e0e8485edd8453399.jpg
https://s9.kh1.co/__image/w=600,h=532,q=100/c6/c6cb77312dd5019ba6332cf82d0ea09f303f1329.jpg

ကြက်လောကမှာ စျေးအကြီးဆုံး ကြက်ဖြစ်ပြီး အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။ ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် (Ayam Cemani) လို့လည်း ခေါ်ကြပါတယ်။ ဒီကြက် အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာပါ။ အနက်‌ေရာင်ကြက်အနေနဲ့ တစ်ခါ ဥရင် အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ကြား ဥပါတယ်။ ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့မတူဘဲ အကုန်လုံး နက်မှောင်နေပါတယ်။

https://s9.kh1.co/__image/w=600,h=470,q=100/e7/e7a524ec9cc9b447a7ac634905197368756ccd38.jpg
https://s9.kh1.co/__image/w=600,h=383,q=100/61/61bc55d30ca354cb33de7568544cb278d390cfda.jpg

ဒါပေမဲ့ အတွင်းသားကတော့ ဖြူပြီး သူ့ရဲ့ အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်း အနက်ရောင်ပါ။ မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။ ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသားတွေက ယူဆကြပါတယ်။ တိုင်းရင်းဆေးမှာလည်း ဆေးဖက်ဝင်အမယ်အဖြစ် အသုံးပြုကြပါသေးတယ်။

https://s9.kh1.co/__image/w=600,h=589,q=100/cc/ccaa2fb19255759f62287400568f27a7e8c19a5b.jpg
https://s9.kh1.co/__image/w=600,h=594,q=100/ad/ad6d283933af1d2d0ea5165c14d7afe6f5498f14.jpg

သတင်း အရင်းအမြစ်Daily mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T