လူတိုင်းကို မျက်ရည်ကျသွားစေနိုင်တဲ့ ညီအစ်ကိုနှစ်ယောက်ကြားက မေတ္တာတရား

//s9.kh1.co/9b/9bec71d25ca53177a683a50018a41d91b2e35fd8.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လူသားတွေမှာရှိတဲ့ တစ်ဦးပေါ် တစ်ဦး မေတ္တာတရားကြီးမား ပုံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလို မေတ္တာတရားဟာ လူကြီးတွေမှာ တင်မဟုတ်ပဲ ကလေးတွေမှာပါ တွေ့ရှိတတ်ရပါတယ်။ ခုဖော်ပြမယ့်အကြောင်းကလည်း မျက်ရည်တောင် ဝဲမိသွားစေတဲ့ ညီအစ်ကိုနှစ်ဦးကြားက ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=373,q=100/69/6984be72e96346b0e7d38b31640128b73bec426b.jpg
https://s9.kh1.co/__image/w=600,h=400,q=100/90/9085a8ee299a27f8ccc4c7bf7baf1d779c877345.jpg

Conor နဲ့ Cayden Long ဆိုတဲ့ ညီအစ်ကိုနှစ်ဦးရှိပြီး ညီဖြစ်သူ Cayden Long ဟာ ငယ်ငယ်ကတည်းက မွေးရာပါ ဦးနှောက်ချို့ယွင်းချက်ကြောင့် ကိုယ်လက်အင်္ဂါတွေ မလှုပ်ရှားနိုင်ပါဘူး။ ဒါပေမယ့်လည်း အစ်ကိုဖြစ်သူ Conor ဟာ ညီဖြစ်သူကို မပစ်ပယ်ပဲ သူ့ညီနဲ့အတူ Triathlons ဆိုတဲ့ ရေကူး ၊ စက်ဘီး ၊ အပြေး သုံးမျိုး ပြိုင်ရမယ့်ပြိုင်ပွဲမှာ အတူပြိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=480,q=100/56/56de97399fa17817b171bb90ced53b5728ed74f9.jpg
https://s9.kh1.co/__image/w=600,h=600,q=100/01/014a5bfb327fd1367e8f7f1dcf2c96bb6f7e5d4a.jpg

တကယ်လက်တွေ့ ပြိုင်ပွဲမှာတော့ ပင်ပန်းပြီး အနိုင်ရဖို့ မဖြစ်နိုင်ပေမယ့်လည်း Conor ဟာ သူ့ညီလေးနဲ့ အတူ ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အထိ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူအတော်လေး ပင်ပန်းလိမ့်မယ်ဆိုတာ သိနေပေမယ့်လည်း ညီ ဖြစ်သူ အားငယ်စိတ် ဝင်သွားမှာစိုးလို့ နောက်ဆုံးအချိန်အထိ အားကုန် ပြိုင်ပွဲဝင်ခဲ့တဲ့ Conor လေးဟာ အတော်လေးကို လေးစားစရာကောင်းလှပါတယ်။ Conor လေးမ‌ျိုးလို ပရိသတ်ကြီးလည်း လူတိုင်းအပေါ် မေတ္တာထားနိုင်ပါစေကွယ်။

https://s9.kh1.co/__image/w=600,h=315,q=100/84/8430f6799c3d97902b9dda280c808f1bdd77870e.jpg
https://s9.kh1.co/__image/w=600,h=800,q=100/f5/f5b4245401858e569157a28dce218eefc9575256.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T