ကိုဗစ်လူနာတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးဝင်ရောက်လာခဲ့တဲ့ အောက်ဆီဂျင်ကားကြီးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/b2/b233d8ba8c4acf4a462f6f7a4fa176facfe5c2d3.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်လူနာတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးဝင်ရောက်လာခဲ့တဲ့ အောက်ဆီဂျင်ကားကြီးရဲ့ဗီဒီယိုဖိုင်

မြန်မာနိုင်ငံအတွင်းမှာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကတော့ ကူးစက်မှုနှုန်းမြန်ဆန်နေတာဖြစ်လို့ရောဂါဖြစ်ပွါးသူ ထောင်ချီရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ကြောင့်သေဆုံးသူတွေလည်း တစ်နေ့ကို လူ(၈၀)ထက်မနည်း ဆုံးပါးနေတာကြောင့် မီးသင်္ဂြိုလ်မယ့်နေရာတွေမှာ ရုပ်အလောင်းတွေပြည့်နှက်လို့နေပါတယ်။ပြည်သူလူထုကတော့ ကိုဗစ်တတိယလှိုင်းမှာလည်း အချင်းချင်း ကူညီစောင့်ရှောက်ပေးပြီး ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယခုလတ်တလောအခြေအနေကတော့ ကိုဗစ်လူနာတွေများပြားလာတာကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။စေတနာရှင်တွေကလည်း အောက်ဆီဂျင်လောက်ငှဖို့အတွက် တတ်နိုင်တဲ့နေရာကနေကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေဗျိုင်းဖြူကုမ္ပဏီမှ လှူဒါန်းလိုက်တဲ့ အောက်ဆီဂျင်ကားကြီးကတော့ မြဝတီနယ်စပ်ကနေ မြောက်ဥက္ကလာ၊မေဓာဝီဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လူနာတွေ အောက်ဆီဂျင်ရဖို့အတွက် ကားကိုမရပ်မနားမောင်းလာတဲ့ ကားဆရာကြီးရဲ့ကျေးဇူးကလည်း ကြီးမားလှပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကားထဲမှာပါလာတဲ့ အောက်ဆီဂျင်ကတော့ 40L. အိုးကြီး ၃၀၀၀ ကျော်ပေးဝေနိုင်မှာဖြစ်ပြီး (၆ x ၃၀၀၀)-၁၈၀၀၀(10)L အိုး ရရှိမှာဖြစ်ပါတယ်။ကိုဗစ်လူနာတွေကို ဂရုဏာအပြည့်အဝထားပေးတဲ့ အလှူရှင်မိသားစုရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းလှပါတယ်။မြောက်ဥက္ကလာ၊မေဓာဝီဆေးရုံသို့ အောက်ဆီဂျင်သယ်ဆောင်လာတဲ့ကားကြီးကို ကြည့်ပြီး ပြည်သူတွေလည်း ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။ကိုဗစ်လူနာတွေလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး မိသားစုနဲ့အတူ နွေးနွေးထွေးထွေးနေနိုင်ပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T