မွေးကင်းစကလေးငယ်လေးကို အဝတ်တောင်မဝတ်ပေးထားဘဲ လယ်ကန်သင်းရိုးပေါ်မှာ စွန့်ပစ်သွားခဲ့တဲ့ ရင်နင့်စရာမြင်ကွင်း

//s9.kh1.co/4d/4db94c8f2effcf1b355aebc145c098571e4ca476.jpeg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မွေးကင်းစကလေးငယ်လေးကို အဝတ်တောင်မဝတ်ပေးထားဘဲ လယ်ကန်သင်းရိုးပေါ်မှာ စွန့်ပစ်သွားခဲ့တဲ့ ရင်နင့်စရာမြင်ကွင်း

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်း၌နေထိုင်ကြတဲ့ပြည်သူလူထုကလည်း စီးပွါးရေး၊ကျန်းမာရေးတွေ ထိခိုက်နေရတာတောင် အားတင်းရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။ဒီကာလမှာတော့ လက်လုပ်လက်စားပြည်သူတွေအတွက် အရမ်းကြပ်တည်းနေကြပြီး တစ်နေ့တာစားသောက်ဖို့အတွက်တောင် ရုန်းကန်နေရတာပဲဖြစ်ပါတယ်။ပြည်သူလူထုကတော့ ဒုက္ခရောက်နေတဲ့လူတွေကို ပစ်မထားဘဲ လက်လှမ်းမှီသလောက် ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo Credit:MOHS 
Photo Credit:MOHS 
Photo Credit:MOHS 
Photo Credit:MOHS 

အခုရက်ပိုင်းမှာဆိုရင် ကလေးငယ်လေးတွေလည်းစွန့်ပစ်ခံနေရပြီး မိဘမဲ့ဂေဟာတွေမှာလည်း ကလေးတွေစုပြုံနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကရင်ပြည်နယ်က ရွာလေးတစ်ရွာမှာ မွေးကင်းစကလေးငယ်လေးကို အဝတ်လေးတောင်မဝတ်ပေးထားဘဲ လယ်ကန်သင်းရိုးပေါ်မှာ ဒီအတိုင်းလာရောက်စွန့်ပစ်ထားတာဖြစ်ပါတယ်။ကလေးငယ်လေးကတော့ မိုးထဲလေထဲမှာတောင် ရုန်းကန်ပြီး အသက်ရှင်ခဲ့ရတာဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကို မြင်တွေ့သွားကြတဲ့ အနီးအနားဝန်းကျင်ကပြည်သူတွေကလည်း ကလေးငယ်လေးကို ခေါ်ယူသွားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder

စွန့်ပစ်ခံထားရတဲ့ ကလေးငယ်လေးကို အိမ်ခေါ်သွားပြီး စောင်လေးတွေနဲ့ နွေးနွေးထွေးထွေး ထားပေးထားတာဖြစ်ပါတယ်။ကလေးလေးက အသားဖြူဖွေးပြီး မျက်နှာလေးကလည်း ချစ်မွေးအပြည့်နဲ့ အရမ်းချစ်စရာကောင်းပါတယ်။ကလေးငယ်လေးခမျာ မွေးစကတည်းက ဒုက္ခအခက်အခဲတွေနဲ့ကြုံတွေ့ရပြီး မိဘမေတ္တာကိုမရခဲ့တာဖြစ်ပါတယ်။လယ်ကန်သင်းရိုးပေါ်မှာ အဝတ်ဗလာနဲ့ စွန့်ပစ်ခံလိုက်ရတဲ့ ကလေးလေးရဲ့ စိတ်မကောင်းစရာပုံရိပ်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T