အောက်ဆီဂျင်ဘူးရဖို့အတွက် နေပူထဲတန်းစီနေရတဲ့သူတွေကို အအေးဘူးတွေသွားရောက်လှူဒါန်းပေးခဲ့တဲ့ စေတနာရှင်လူငယ်လေး

//s9.kh1.co/d9/d9eec32479279ae1a59e11e6e422864487c7afac.jpg
နေ့စဉ်သတင်းများ

 ၁၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေကြောင့် တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာတဲ့ ကိုဗစ် Third waveရဲ့ ဒဏ်ကိုမြန်မာပြည်သူတွေအနေနဲ့ အလူးအလဲခံစားနေကြရပါတယ်။ အရင်လို ကုသရေးစင်တာတွေမရှိတော့တဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ မလုံလောက်မှုတွေကြောင့် အသက်ဆုံးရှုံးနေရတဲ့ ကိုဗစ်လူနာတွေများစွာလည်းရှိလာနေပါတယ်။ ဆေးရုံတွေမှာဆိုရင်လည်း ကုတင်တွေမလောက်ငှတော့တဲ့အထိဖြစ်နေပြီး ပိုးတွေ့လူနာတွေကိုပါ အိမ်ပြန်ခိုင်းကြတဲ့အထိ အခြေအနေဆိုးရွားနေတာတွေ့ရပါတယ်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

အခုချိန်ကာလမှာ အောက်ဆီဂျင်အိုးရရှိရန် ခက်ခဲနေကြပြီး ငွေရှိသော်လည်း အောက်ဆီဂျင်ရရှိဖို့ခက်ခဲနေကြရတဲ့ အခြေအနေနဲ့မြန်မာပြည်သူတွေကြုံတွေ့နေကြရပါတယ်။ လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်တောင်းခံနေရတဲ့ပို့စ်တွေ ဆက်တိုက်တက်နေပြီး အောက်ဆီဂျင်စက်ရုံတွေနဲ့ အောက်ဆီဂျင်ဖြည့်ပေးကြတဲ့ ပရဟိတအဖွဲ့အစည်းတွေမှာလည်း နေ့ရောညပါ လူတွေတန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

အခုလိုအောက်ဆီဂျင်အခက်အခဲကြောင့် နေပူမရှောင်မိုးရွာမရှောင်တန်းစီစောင့်ဆိုင်းနေကြတဲ့သူတွေအတွက် စေတနာရှင်လူငယ်လေးဟာ အအေးဘူးတွေဝေပေးခဲ့တာတွေ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "တစ်နေကုန်အောက်စီဂျင်တန်းစီပေးရင်းနေပူထဲမှာအရမ်းပြိုင်းလာလို့ ကျန်တဲ့သူတွေလည်းကိုယ့်လိုဖြစ်မှာပဲဆိုပြီး ချက်ခြင်းRoyal-D နဲ့ Civit Orange ဘူးတစ်ထောင်ရေခဲစိမ်ပြီးဝေဖို့ပြင်ဆင် ….အေးသွားတာနဲ့အကုန်လုံးကိုလိုက်ဝေ ❤️“ကျေးဇူးဗျာတကယ်ပူပြီးတော်တော်ပင်ပန်းနေတာ”ဆိုပြီးကျေးဇူးတင်စကားတွေပြောသွားတာက RoyalD သောက်ရတာထက်ပိုလန်းဆန်းသွားစေတယ်??..." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc
Photo credit-​ Aung Khine Min's Facebook acc

သတင်း အရင်းအမြစ်Aung Khine Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T