မိကျောင်းမျာနဲ့အတူ ထူးထူးဆန်းဆန်း ယှဉ်တွဲနေထိုင်လေ့ရှိတဲ့ အာဖရိကက ရွာလေးတစ်ရွာ‌အကြောင်း

//s9.kh1.co/e6/e6be08a1fa38626d8f52ed987177c86b3410294d.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မိကျောင်းတွေဟာ လူတွေအတွက် အန္တရာယ်ရှိဆုံး သတ္တဝါ စာရင်းထဲမှာ ပါဝင်တဲ့ ကုန်းနေ ရေနေ သတ္တဝါ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဖရိကတိုက်ထဲမှာရှိတဲ့ ဘာကီနာ ဖာဆိုနိုင်ငံမှာတော့ ဆန့်ကျင်ဘက် ဖြစ်လို့နေပါတယ်။ ဒီနိုင်ငံလေးထဲက ဘဇူးဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်တဲ့ သူတွေကတော့ မိကျောင်းကို သူငယ်ချင်းလို ပေါင်းနေတယ်လို့တောင် ပြောလို့ ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/cc/cc76f66b59976162cc08a8e3746c3ab6c80bddce.jpg
https://s9.kh1.co/__image/w=600,h=400,q=100/a0/a0e0c3fe07e886600bfff7d7048cc77cad76c50b.jpg
https://s9.kh1.co/__image/w=600,h=400,q=100/9a/9aeaf8aec696dc7e55adb3fdf505aa724fd94fa5.jpg

ဒီရွာငယ်လေးမှာ ကျင်လည် ကျက်စားနေတဲ့ မိကျောင်းပေါင်း အကောင် ၁၀၀ ဝန်းကျင်လောက်ရှိပြီး ရွာသားတွေ အသုံးပြုနေတဲ့ ရေကန်ထဲမှာ နေထိုင်ကြတယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့်လည်း အဲ့အရပ်မှာ ရှိတဲ့ မိကျောင်းတွေဟာ ရွာသားတွေကို အန္တရာယ်မပြုပဲ လူတွေနဲ့ အလွန် ယှဉ်ပါးကြပါတယ်။ ဒါ့ကြောင့် ဒီဒေသလေးဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပြီး လာရောက်လည်ပတ်သူတွေလည်း တနေ့တခြား များပြားလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=379,q=100/b5/b56510b3a7f16d5d03f260df463e053dab353247.jpg
https://s9.kh1.co/__image/w=600,h=401,q=100/4c/4c54eebe4f349fdcfd5472bf93231f94f6b47bd6.jpg
https://s9.kh1.co/__image/w=600,h=458,q=100/79/799a14ff2a6d795327c6dcb8ef86c65e1571f846.jpg

ဒီဒေသလေးမှာ နေထိုင်တဲ့ နယ်ခံတွေ အမြဲ ပြောလေ့ရှိတဲ့ ပါးစပ်ရာဇဝင်လေး တစ်ခုလည်း ရှိခဲ့ပါတယ်။ ဒါကတော့ ဟိုးနှစ်ပေါင်းများစွာတုန်းက ဘဇူးရွာကလေးဟ မိုးခေါင်ရေရှားမှုတွေနဲ့ ကြုံတွေ့နေခဲ့ရပြီး ဒုက္ခရောက်နေချိန်မှာ မိကျောင်းတွေဟာ ရေရှိရာ အရပ်ကို ရွာသားတွေအတွက် လမ်းပြခေါ်ဆောင် သွားတယ်လို့ လည်း ရာဇဝင်ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီရွာလေးမှာ မိကျောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုပွဲတစ်ခုကို အမြဲ ကျင်းပပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=369,q=100/68/680417cc2bb020b5b00a2acd0fefe492805033e4.jpg
https://s9.kh1.co/__image/w=600,h=337,q=100/0b/0b010306d39d9e293812454df14d918d53515e7a.jpg
https://s9.kh1.co/__image/w=600,h=382,q=100/06/068b79dca04166f8c2ae6bdf2cd58e9810a69b1c.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T