YG Entertainmentရဲ့ Boy groupတစ်ခုဖြစ်တဲ့ Treasureအဖွဲ့၀င် Junghwamဟာ Covid-19ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ July 13ရက်နေ့မှာ Treasureအဖွဲ့၀င်တစ်ဦးဖြစ်တဲ့ Doyoungကူးစက်ခံခဲ့ရပြီးနောက် Junghwanဟာ ဒုတိယမြောက်ပိုးတွေ့ရှိခဲ့သူဖြစ်ပါတယ်။
တခြား Treasureအဖွဲ့၀င်တွေနဲ့ ၀န်ထမ်းကိုစစ်ဆေးခဲ့ရာမှာတော့ Negativeအဖြေထွက်ခဲ့တယ်လို့သိရပါတယ်။ သူဟာ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ Doyoungနဲ့အတူ စစ်ဆေးခဲ့တုန်းက Negativeအဖြေထွက်ခဲ့ပေမယ့် ဒုတိယကြိမ်မြောက်စစ်ဆေးမှုမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
YG Entertainmentအနေနဲ့လည်း ဒီထက်ပိုပြီး အနုပညာရှင်တွေနဲ့၀န်ထမ်းတွေရဲ့ ကျန်းမာရေးကို ပိုမိုဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အဖွဲ့၀င်နှစ်ဦးလုံး အမြန်ဆုံးပျောက်ကင်းသက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Twitter