ရေမြင်းမျိုချတာခံခဲ့ရပေမယ့်လည်း ‌သေမင်းကို အန်တုကာ အသက်မသေခံတဲ့ လူတစ်ယောက်အကြောင်း

//s9.kh1.co/43/431c2ded8cd878da18c93104cf3a674f48e7d2db.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီး အတွက် ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ သေကံမရောက်သက်မပျောက်ခဲ့တဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ ပေါလ်တေလာ ဆိုသူဖြစ်ပြီး တောတွင်းလမ်းပြသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပေါလ်ဟာ ဇင်ဘာဘွေနိုင်ငံ ဗစ်တိုရီးယားရေတံခွန် အနီးမှာရှိတဲ့ ဘမ်ဘီဇီမြစ်အတွင်း ရေမြင်းတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/8a/8ac01ce663bd3abd4a9b4524803b6d7c2ce58773.jpg
https://s9.kh1.co/__image/w=600,h=380,q=100/b7/b71464ce78f4496bfdae24d9c762a43630c6e895.jpg

ဖြစ်ပုံကတော့ ပေါလ်ဦးဆောင်လာတဲ့ ခရီးသွားအဖွဲ့ထဲမှ လူတစ်ဦးဟာ ရေဲပြုတ်ကျသွားတာကြောင့် ကယ်ဆယ်နေတုန်းမှာ မြစ်ထဲမှာ ရှိနေတဲ့ ရေမြင်း တစ်ကောင်က တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ရေမြင်းဟာ ပေါလ်ကို တိုက်ခိုက်ခဲ့ပြီး သူ့ တစ်ကိုယ်လုံးကို မျိုချခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော်လည်း ပေါလ်ဟာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပြီး သူ့ရဲ့ ဘယ်ဘက်လက် တစ်ဖက်တည်းကိုသာ ဆုံးရှုံးခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/a9/a9825cb3a6d7a76ada6a05011aaf06144d5507e3.jpg
https://s9.kh1.co/__image/w=600,h=360,q=100/b6/b656e145ff246361769f73a18daac42037e87622.jpg

“ ကျွန်တော့်ကို ရေမြင်းက တိုက်ခိုက်လာပြီး မျိုချလိုက်တာပါ။ ကျွန်‌‌ေတာ်လည်း ကြောက်လန့်ပြီး သူ့ရဲ့ ဆုပ်ကိုင်ထားခဲ့ရပါတယ်။ ရေမြင်းမျိုချဖို့ ကြိုးစားခံရတုန်းက တော်တော်လေးကို ဆိုးဝါးတယ်ဗျ။ အထဲမှာ ဘဲဥပုပ်အနံ့လိုဘာလိုလိုနဲ့ ကျွန်တော် မျက်စိတွေ ရုတ်တရက် ကန်းသွားသလိုမျိုး ခံစားမိလိုက်ရတယ်ဗျ။ ရေမြင်းက ကျွန်တော့် ရင်ဘတ်နဲ့ လက်ကိုကိုက်ခဲ့တာကြောင့် ဘယ်လက်တစ်ဖက်ဆုံးရှုံးသွားခဲ့ပေမယ့် ကံကောင်းတာက ကျွန်‌ေတာ်ခုထိ အသက်ရှင်နေသေးတာပါပဲလို့ “ ပြောကြားထားပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/61/613518a6baefdd94da97228ef4a175c577689d15.jpg

သတင်း အရင်းအမြစ်Daily mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T