အချစ်အတွက်နဲ့ မိမိမျက်နှာကို ရိုင်ဖိုင်သေနတ်နဲ့ ပစ်ခတ်တဲ့ အမျိုးသမီးတစ်ယောက် အကြောင်း

//s9.kh1.co/4a/4a361cbcd2725b321fff3aeb48a19e45fc0a1a1a.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၂၁ နှစ်အရွက် US က Katie လို့ခေါ်တဲ့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သေကြောင်းကြံစည်ဖို့ မအောင်မြင်တဲ့နောက်ဆုံးမှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး မျက်နှာခွဲစိတ်ကုသသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ Katie ဟာသူမရဲ့အသက် ၁၆ နှစ် မှာခရစ်ယာန် ကျောင်းတစ်ကျောင်းက ကျောင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဇန်နဝါရီလ ၂၀၁၄မှာ အူအတက်ဖြတ်ပစ်ခဲ့ရပြီး ကျန်းမာရေးပြန်ကောင်းဖို့အချိန်ယူနေတဲ့ ကာလအတွင်းမှာ သူမရဲ့ချစ်သူကောင်လေး ဖောက်ပြန်နေတာကို တွေ့ခဲ့ရပြီး Katie ဟာအစ်ကိုဖြစ်သူရဲ့အမဲလိုက် ရိုင်ဖယ်သေနတ်နဲ့ ကိုယ့်မျက်နှာကို ပစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/47/47417721fcd53807e55fcfa32e792d0756580db7.jpg
https://s9.kh1.co/__image/w=600,h=400,q=100/fd/fd99d32383d83f29ea4cf4fded58d8478f1ac97b.jpg

National Geographic မှာဖော်ပြခဲ့တာကတော့ အိမ်အပေါ်ထပ်ကို Katie မိသားစုဝင်တွေ တက်ကြည့်တဲ့အခါ သူမရဲ့မျက်နှာတစ်ခုလုံးရစရာမရှိတော့ပါဘူး။ ၂၀၁၄ မတ်လမှာပဲ အောက်စဖို့က ဆေးရုံတစ်ခုဆီချက်ချင်းသွားတက်ခဲ့ပြီး ခက်ခဲတဲ့ခွဲစိတ်ကုမူတွေ လုပ်ခဲ့ရ ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ သူမရဲ့မျက်နှာအခြေနေ တည်ငြိမ်သွားပြီလို့ကြေငြာခဲ့ပြီး ၂၀၁၆ မတ်လမှာတော့ မျက်နှာခွဲစိတ်ကုသမှုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=895,q=100/62/62298317595d6854481f25279b865fe4b2dc49e2.jpg
https://s9.kh1.co/__image/w=600,h=895,q=100/25/254e512cb40aac6a60b35e5930b4215730f0a34d.jpg

Katie ရဲ့ ခွဲစိတ်ကုသမူဟာ ၃၁ နာရီကြာမြင့်ခဲ့ပြီး မျက်နှာ၊ နှာခေါင်း၊ မေးရိုး စတာတွေကို အစားထိုးခွဲစိတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ခွဲစိတ်မူကို လှူဒါန်းခဲ့သူကတော့ အသက် ၃၁နှစ်ရှိပြီးဖြစ်တဲ့ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲမှုကြောင့် ဆုံးပါးသွားတဲ့ Adrea Sxhneider ဖြစ်ပါတယ်။ Katie ဟာ အကြာရှည်ဆုံးမျက်နှာခွဲစိတ်ကုသမူဖြစ်စဉ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး National Geographic ဓာတ်ပုံဆရာတွေက သူမရဲ့နောက်ကြောင်းအဖြစ်ပျက်တွေကို “The Story Of A Face” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာဗာဇာတ်ကြောင်းတစ်ခုအဖြစ်ဖော်ပြခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=382,q=100/bc/bc387cffbcc172e5bd5f52de4f91baa680fc0a88.jpg
https://s9.kh1.co/__image/w=600,h=430,q=100/5f/5fea281dcac5f33fabcec14de0cf0e50a1fc9719.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T