ရာသီဥတုဆိုလို့ မိုးရာသီတစ်ခုပဲရှိတာကြောင့် တစ်နှစ်ပတ်လုံး မိုးရွာလျက်ရှိတဲ့ အိန္ဒိယက ရွာလေးတစ်ရွာ အကြောင်း

//s9.kh1.co/86/863db948f51751e6d2c4675df7a85ec152bd211d.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ ဖော်ပြပေးမှာကတော့ တစ်နှစ်ပတ်လုံး မိုးအမြဲရွာနေတဲ့ ဒေသလေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒေသလေးကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မက်ခါလေယာ ပြည်နယ်ထဲမှာရှိတဲ့ မော်ဆင်ရမ်(Mawsynram) ဆိုတဲ့ရွာငယ်လေးဖြစ်ပါတယ်။ ဒီရွာလေးမှာ တစ်နှစ်ပတ်လုံး မိုးအမြဲရွာလေ့ရှိပြီး အဲ့ဒီမှာနေတဲ့ သူတိုင်းဟာ အပြင်သွားတိုင်း ထီးဖြစ်ဖြစ် မိုးကာဖို့တစ်ခုခုကို အမြဲယူသွားကြရပါတယ်။

https://s9.kh1.co/__image/w=600,h=409,q=100/4e/4e49395e0f04785c26d7ebfa12ef65ed383d2b4e.jpg
https://s9.kh1.co/__image/w=600,h=338,q=100/b3/b3a7cf2cc23df9841e4c8857c9a1a36ef0de963a.jpg

ဒီဒေသလေးမှာ အမြဲ မိုးရွာနေရတဲ့ အကြောင်းလေးကတော့ ရွာလေးရဲ့ ပတ်ပတ်လည်မှာ ဟိမဝန္တာတောင်တန်းကြီးက ဝန်းရံထားပြီး ဒီတောင်တန်းကြီးက တိမ်တိုက်တွေ ရွေ့လျားသွားနေတာကို ပိတ်နေသလို ဖြစ်သွားတာကြောင့် မိုးအမြဲရွာနေရတာလည်း ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး မိုးရွာလျက်ရှိပြီး ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလကတော့ ဒီဒေသရဲ့ မိုးအနည်းဆုံးကာလဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/b1/b1b7eec9248fa6eb6e6f8129c3ab5f0193570b90.jpg
https://s9.kh1.co/__image/w=600,h=450,q=100/eb/eb438ff23b42c4ddcda6e63c123175659b72d874.jpg

ဘယ်လောက်တောင် မိုးရွာသလဲဆိုရင် ဒီဒေသလေးမှာ နှစ်စဉ်ရွာတဲ့ မိုးရေချိန်တွေဟာ ၄၆၇လက်မဖြစ်ပြီး ၁၉၈၅ခုနှစ်တုန်းကတော့ လက်မ ၁၀၀၀ အထိ မိုးရွာသွန်းခဲ့လို့ ကမ္ဘာ့စံချိန်တင်သွားတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။ မိုးရာသီကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ ဒီရွာလေးဟာ နေချင်စရာလေးဖြစ်နေမှာပါ။ ရွာလေးဟာလည်း မိုးအမြဲရွာနေပေမယ့် သူ့အလှနဲ့သူတော့ ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=451,q=100/6d/6decc51052a61f4b5de818992cd53c0aaa742090.jpg
https://s9.kh1.co/__image/w=600,h=450,q=100/4d/4d9809fb9b2fe3dcf9c9ba894b0b3401bf0aa253.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T