ကမ္ဘာဦးအစထဲက တည်ရှိခဲ့ကြပြီး မပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးကြီးမ‌ျား

//s9.kh1.co/13/13af6c499edbffd5a237696de2eb8c419ad405c9.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နယူးဇီလန်နိုင်ငံမှာရှိတဲ့ Kakapo ကြက်တူရွေးတွေကို ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးအဖြစ် သတ်မှတ်ထားကြပါတယ်။ Kakapo ကြက်တူရွေးတွေဟာ အရွယ်ပမာဏကြီးမားသလို ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ တစ်မျိုးတည်းသော ကြက်တူရွေးမျိုး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကြီးမားပေမယ့် အတောင်သေးငယ်သဖြင့် မပျံနိုင်ခြင်း ဖြစ်သလို အဲ့လို မပျံနိုင်ခြင်းကြောင့်လည်း မျိုးတုန်းပျောက်ကွယ်ဖို့ နီးစပ်လာရခြင်းပါပဲ။

https://s9.kh1.co/__image/w=600,h=315,q=100/76/7686028063ed774c8a6d113c6aebbe5766baa56e.jpg
https://s9.kh1.co/__image/w=600,h=418,q=100/0e/0e1be1827fddf89ab8e156da885302b06e4b5355.jpg

ဒါပေမယ့် ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး နေထိုင်နိုင်တဲ့ ငှက်မျိုးအဖြစ် ပါဝင်နေပြီး ပျမ်းမျှသက်တမ်းအားဖြင့် (၉၅) နှစ်ထိ အသက်ရှည်ပါတယ်။ ကမ္ဘာဦး တိရိစ္ဆာန်မျိုးစိတ်များထဲမှာ ပါဝင်တဲ့ ကြက်တူရွေးလည်း ဖြစ်ပါတယ်။ အစိမ်းရောင် အရောင်အဆင်းရှိပြီး အသီးအရွက်စား တိရိစ္ဆာန်ပါ။ အရွယ်ပမာဏအားဖြင့် အထီးတွေဟာ ၂၄ လက်မအထိရှိပြီး ၄ ပေါင် နှင့် ၉ ပေါင်ကြား အလေးချိန်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=896,q=100/e4/e4a1fcb4be257f4a6ac1ce5a60fb0a4c7522977c.jpg
https://s9.kh1.co/__image/w=600,h=567,q=100/fd/fd0d173b005d45dc0089d1a8b173265a059e90fa.jpg

ယခုအခါ မျိုးတုန်းတော့မည့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတာ‌ေကြာင့် ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်ဖြစ်နေပြီး ၂၀၁၂ စာရင်းအရ အကောင်ရေ (၁၂၆) ကောင်သာ ရှိပါတော့တယ်။ နယူးဇီလန်အစိုးရလည်း Kakapo ကြက်တူရွေးများကို ဘေးမဲ့တောတစ်ခု ဖန်တီးပေးထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။ ကမ္ဘာဦးအစကထဲကဆိုပေမယ့်လည်း မျိုးရိုးပြောင်းသွားတာကြောင့် ခုချိန်ထိ အသက်ရှင်တဲ့အကောင်တွေရှိနေသေးတာပဲ ကံကောင်းလှပါတယ်။

https://s9.kh1.co/__image/w=600,h=722,q=100/01/0127e13643e4e6db3dc9a2a7110a9d5dfa21d7c2.jpg
https://s9.kh1.co/__image/w=600,h=311,q=100/70/700f893766f6cf3786b1a31f63c5ee72f3fe8e5a.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T