ကမ္ဘာပေါ်က ထူးဆန်းတဲ့ သစ်ပင်တွေထဲကမှ လမ်းလျှောက်တတ်တဲ့ သစ်ပင်

//s9.kh1.co/0b/0b6548552dd82a3dd0e59b618bd23c6b61250f2f.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ လမ်းလျှောက်နိုင်တဲ့ သစ်ပင်ဆိုတာ တကယ်ရှိကြပါတယ်။ သူတို့လိုအပ်တဲ့ အစာအာဟာရကို ရရှိဖို့အတွက် ရွေ့လျားကြတယ်လို့လည်းပြောကြပါတယ်။ ဒီလိုသစ်ပင်တွေဟာ အနောက်နိုင်ငံတွေရဲ့ တောနက်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/4f/4f3ba389add2f2554f2cedac2568d482fc122cca.jpg
https://s9.kh1.co/__image/w=600,h=628,q=100/df/dfe41cc3ea67c3064b9fa38b3b129ad390e54825.jpg

ခုသစ်ပင်အမျိုးအစားကိုတော့ Socratea Exorrhiza လို့ခေါ်ပြီး နှစ်ရှည်ပင် အမျိုးအစားပဲ ဖြစ်ပါတယ်။ အလင်းရောင်ရရှိမယ့်နေရာကို သူ့အလိုအလျှောက် ပြောင်းကာရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကွမ်းသီးပင်အမျိုးအစားနဲ့ ပင်စည်အလုံးအပတ်အပြင် အကိုင်းအခက်တွေ ဆင်တူလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/a5/a56100ca9dacb8d1038752eb722d210f798724c5.jpg
https://s9.kh1.co/__image/w=600,h=399,q=100/6b/6bd5be5806638d3602c9b80b90a1f9cb1d3046e5.jpg

ထူးခြားချက်ကတော့ အမြစ်များစွာရှိပြီး ပင်စည်အောက်မှာရှိတဲ့ အမြစ်တွေကသာ မြေကြီးထဲကို စိုက်ဝင်နေပြီး ကျန်တဲ့အမြစ်များစွာကတော့ ဘေးနှစ်ဖက်ကိုထွက်ကာ အလင်းရောင်ရှိရာကို ရွေ့ပြောင်းဖို့ အတွက် ခြေထောက်တွေသဖွယ် ဖြစ်နေတာပါပဲ။ ဒါဟာ လမ်းလျှောက်တတ်တဲ့ သစ်ပင်အမျိုးအစားတွေထဲက တစ်မ‌ျိုးဖြစ်ပါတယ်။ တချို့အပင်တွေထဲမှာလည်း လမ်းလျှောက်တတ်တဲ့ အမျိုးအစားတွေ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/94/9453cbed7020e2291b66ee4d1afbb3b81b944e10.jpg
https://s9.kh1.co/__image/w=600,h=493,q=100/2a/2a1ec077681c450b4c79b5cfec8eaeff1350d5b7.jpg

သတင်း အရင်းအမြစ်Nature World

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T