မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ (၁၉ )ရက်နေ့ အာဇာနည်နေ့ကတော့ ဒီကနေ့မှာဆိုရင် (၇၄)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်..။
အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နှစ်တွေမှာ တက်ရောက်ခဲ့ပေမယ့် ယခု(၂၀၂၁)ခုနှစ်မှာတော့ မတက်ရောက်နိုင်ခဲ့ပါဘူး..။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံး နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ပြည်တွင်းရေးမငြိမ်သက်မှုတွေအပြင် ကပ်ရောဂါဆိုးတွေကြောင့် ခြောက်သွေ့ခဲ့ရပါတယ်..။
ပြည်ပမှာ အခြေချနေထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကတော့ ဖခင်ဖြစ်သူနဲ့ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်တွေအတွက် ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်..။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနဲ့ ဒေါ်လဲ့လဲ့သိန်းတို့က San Diego, California နေအိမ်မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့အကြောင်းကိုတော့ ဒေါ်လဲ့လဲ့သိန်းက သူမရဲ့လူမှုကွန်ယက်မှာ မျှဝေထားတာ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Leilei Thein's Facebook Acc