ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ယူဆရတဲ့ အလောင်းတစ်လောင်း ကို ကားလမ်းမဘေးမှာ စွန့်ပစ်ထားတဲ့ ဖြစ်ရပ်တစ်ခု

//s9.kh1.co/92/929b556eb316a4a530ec8fd35d9412295f904d4d.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံမှာတော့ Covie -19 ရောဂါ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပွားနေပြီး ကူးစက်သူတွေလည်း တိုးလျက်ရှိသလို သေဆုံးသူတွေဆိုလည်း မနည်းတော့ပါဘူး ။ ရေဝေး သုသာန်တွေမှာ မီးသင်္ဂြိုဟ်ဖို့ မနိုင်တော့တာတွေ ၊ ကာတွေပေါ် တင်လာရတာတွေ စတဲ့ မမြင်ရက်စရာ ကောင်းလောက်အောင်ကို သေဆုံးသူတွေ များပြားနေပါတယ်။ ဒါ့အပြင် နာရေးနဲ့ သုသာန်ကိုရောက်ရှိခဲ့ကြတဲ့ ပြည်သူတွေကလည်း ဆိုးရွားစွာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဝေမျှထားကြတာတွေလည်း တွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလို သေဆုံးသူတွေ များလာတာကြောင့် သင်္ချိုင်းလက်မှတ်ထုတ်ရခက်ခဲတာတွေ ၊ ညနေ၆နာရီနောက်ပိုင်းသုဿန်က လက်မခံတာတွေ အပြင် အလောင်းတွေ ထပ်တင်လာတာကို သုဿန်တွေက ခွင့်မပြုချင်တော့တာကြောင့် နောက်ဆို သေဆုံးသူတွေကို တိတ်တဆိတ် စွန့်ပစ်မှုတွေ ပြုလုပ်မှာကိုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ပြည်သူတစ်ဦးက စိုးရိမ်မိကြောင်း ပြောကြားထားတာလည်းတွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

မနေ့ကဆိုရင်လည်း အမှတ်၂လမ်းမဘေး သူနာပြုသင်တန်းကျောင်းရှေ့မှာ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ယူဆရတဲ့ Dead Body ကို လာရောက်စွန့်ပစ်ထားတာကို တွေ့ရပါတယ် ။ ဒီလို လုပ်ရပ်တွေက ပတ်ဝန်းကျင် အတွက်လည်း မကောင်းသလို ရောဂါတွေလည်း ပိုမို ပျံ့နှံ့နိုင်တာကြောင့် ပြည်သူတွေ အတွက် စိုးရိမ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း အားလုံးရောဂါကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T