နည်းမှန်လမ်းမှန်နဲ့ကူညီဖေးမပေးတဲ့ မိသားစုဝင်တွေကြောင့် ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့တဲ့ နာတာရှည်ရောဂါသည်အဘွားအိုတစ်ဦး

//s9.kh1.co/2c/2c1ce544bb843485213645cb4279f71366ef2387.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နည်းမှန်လမ်းမှန်နဲ့ကူညီဖေးမပေးတဲ့ မိသားစုဝင်တွေကြောင့် ကိုဗစ်ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့တဲ့ နာတာရှည်ရောဂါသည်အဘွားအိုတစ်ဦး

ကိုဗစ်​ရောဂါနဲ့နေ့စဥ်သေဆုံးသူတွေရှိနေတာကြောင့် နေမကောင်းစဖြစ်တာနဲ့ကိုဗစ်ရောဂါကူးစက်ခံရပြီဆိုပြီး စိတ်ဓာတ်ကျသွားတဲ့ ပြည်သူတွေလည်းရှိသလို ကိုဗစ်ရောဂါပျောက်ကင်းအောင် တိုက်ထုတ်နိုင်တဲ့ ပြည်သူတွေလည်းရှိကြပါတယ်။Julyလ(20)ရက်နေ့ မနေ့ကတော့အသက်(၇၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်ဟာ ကိုဗစ်ရောဂါကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အောက်ဆီဂျင်စက်ပေးစရာမလိုဘဲ ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ အဆိုပါအဘွားအိုအတွက် ပြည်သူတွေကဝမ်းသာပျော်ရွှင်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါ​အဘွားရဲ့မြေးဖြစ်သူက ကိုဗစ်ရောဂါကိုအဆင့်ဆင့်တိုက်ထုတ်ခဲ့ရတဲ့ အဘွားဖြစ်သူရဲ့အကြောင်းကို ပြည်သူတွေစိတ်ခွန်အားဖြစ်စေဖို့အတွက် ပြန်လည်ပြောပြလာခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရပြီး အနံ့ပျောက်တဲ့နေ့ကစလို့ အဘွားအိုဟာစိတ်ဓာတ်ကျပြီး အစာလုံးဝမစားတော့ဘဲ အိပ်ယာထဲလဲနေခဲ့ပါတယ်။ အဆိုပါအဘွားကိုကြည့်ပြီး မိသားစုဝင်တွေက အစာမစားစားချင်အောင် ချက်ပြုတ်ကျွေးမွေးခဲ့သလို စိတ်ဓာတ်မကျအောင်လည်း အဝေးရောက်နေတဲ့သားသမီးတွေနဲ့ VD Callပြောတာမျိုးတွေပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

စိတ်ညစ်စရာတွေမပြောဘဲ ဟာသတွေပြောပြီး စိတ်ချမ်းသာအောင်အမျိုးမျိုးပြုလုပ်ပေးနေတဲ့ မိသားစုဝင်တွေကြောင့် အဘွားအိုဟာ စိတ်ဓာတ်မကျတော့ဘဲ အစာလည်းပြန်စားခဲ့သလို ဆေးတွေလည်းပုံမှန်သောက်သုံးခဲ့ပါတယ်။ ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် အဆိုပါအဘွားဟာ ယခုဆိုရင် အနံ့လည်းပြန်ရနေပြီဖြစ်သလို ကျန်းကျန်းမာမာလည်းရှိနေပြီဖြစ်ပါတယ်။အဆိုပါအဘွားအိုရဲ့မြေးဖြစ်သူက ကူးစက်ခံရတဲ့ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ပြန်ကောင်းမယ်ဆိုတဲ့စိတ်ကို ထားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့ အဆိုပါအဘွားတောင် ကိုဗစ်ကိုတွန်းလှန်နိုင်တာမို့ ပြည်သူတွေအနေနဲ့လည်း ကျနေတဲ့စိတ်ဓာတ်တွေကိုဆွဲတင်ပြီး ကိုဗစ်ရောဂါဆိုးကြီးကိုတိုက်ထုတ်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T