ငါးရဲ့ အမည်ကိုကြားလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ ငါးအမ‌ျိုးအစားထဲကဆို သိရှိနိုင်ပါတယ်။ ခုဖော်ပြမယ့်ငါးဟာ အားပြင်းတဲ့ အသားစားငါးမျိုးဖြစ်ပြီး သူတို့ခန္ဓာကိုယ် တစ်ဝက်မျှရှိတဲ့ ငါးများကို အငမ်းမရအားရပါးရ စားနိုင်းကြပါတယ်။ ဒီငါးတွေဟာ ၄ ပေခန့်မျှသာရှည်လျှားပေမယ့် အသားစားငါးတွေကိုတောင် စားနိုင်ကြပါတယ်။

အလွန်ကြမ်းတမ်းတဲ့ ၀မ်းဗိုက်နီ သားစားငါးတွေကိုယ်တောင် စားနိုင်တဲ့ငါးတွေဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီငါးတွေဟာအရမ်းကို ကြမ်းတမ်း သန်စွမ်းနေတာဖြစ်ပါတယ်။ ဒီငါးတွေရဲ့ ကြမ်းကြုတ်လွန်းတာကို ကိုယ်စားပြုပြီး Vampire Fish ခေါ် သွေးစုတ်ငါး လို့ခေါ်ကြပါတယ်။ ငါးတွေရဲ့ အောက်မေးရိုးမှာရှိတဲ့ အစွယ်နှစ်ချောင်းဟာ ၆ လက်မ လောက်တောင်ရှိပါတယ်။

ဒီအစွယ်တွေနဲ့ သူတို့အစာရှာဖွေရာမှာ သားကောင်းကို အစွယ်နဲ့တချက်ထဲထိုးပြီး အဆုံးသတ်ကြပါတယ်။ သူတို့ရဲ့ အပေါ်မေးရိုးပေါ်မှာ အပေါက်များရှိနေပြီး ဒီအပေါက်တွေဟာ ရန်သူနဲ့တိုက်ခိုက်ချိန်မှာ သူတို့ခန္ဓာကိုယ်ထဲ ထိုးမသွင်းနိုင်အောင် ဟန်တားထားနိုင်သလိုဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။